အပိုင်း။၄။

3.5K 517 248
                                    

"ငါ့ကိုယ်စား
လူတစ်ယောက်ကိုချောင်းရိုက်ပေး
အသေးလေး"

"ဖွီးးးး "

အစမရှိအဆုံးမရှိ စပြောတဲ့နေခြည်ကြောင့်
အကြမ်းလေး အရက်ခိုးသောက်ရင်း
တီးသွားရ၏။
ဟုတ်၏ အခုသူဆေးရုံခန်းထဲအရက်ခိုးသောက်နေခြင်း ။အဖိုးကသမ္မတပါဝါပြကာ ဆေးရုံမှာ
ဆက်နေရမယ်ပြောသဖြင့် နေခြည့်အကူညီနဲ့
ရေပုလင်းထဲ ဆိုဂျုတွေထည့်ကာ မော့နေချိန်
အရက်ယူလာပေးတဲ့အစား
သူ့လူရိုက်ပေးပါဆိုပြီးပြောလာသူကြောင့်
အရက်တန်ဖိုးဘယ်လောက်ကြီးမှန်းလည်းသိသွား၏။

"ဆိုစမ်းပါအုံး ဘာဖြစ်လာတာလဲ"

"ဘာဖြစ်လာရမှာလဲ တောက်!!!
တသက်နဲ့တကိုယ်မခံစားရဘူးတာကို....
ငါ့ကို လူယုတ်မာကြီးတယောက်က..ကျစ်
​ပြောနေရင်းဒေါသကထွက်လာပြီ"

"နေခြည် မင်းကိုဘယ်ကောင်အနိုင်ကျင့်လို့လဲ
ပြောစမ်းးး ငါ့နေခြည်ကိုဘယ်ကောင်စိတ်ရူတ်အောင်
လုပ်လဲ ချောင်းလည်းရိုက်ပေးမယ်
လူဌားပြီးလည်းသတ်ပေးမယ်"

"သေချာလား တကယ်နော်"

"တကယ်ပါဟ ငါပါ ပတ်ဂျီမင်း
ပြောရင်ပြောတဲ့အတိုင်းလုပ်ပေးတယ်
ပြော ဘယ်ကောင်လဲ ဘယ်ကောင်ကို
ချောင်းရိုက်ပေးရမလဲ လာအခုသွားမယ်"

"အခုက ညနက်နေပြီ
နောက်ရက်မှရိုက်ပေး"

"အင်း ဟုတ်ပြီ
ငါနောက်ရက်သွားရိုက်ပေးမယ်
လူပြထား ဘယ်ကောင်လဲ"

"ငါ့ယောင်ဖ တရားလူကြီးချုပ်"

"ဟမ်!!!...မင်းယောက်ဖတရားလူကြီးချုပ်!!
ချောင်းရိုက်ခံရမယ့်မင်းမေလင်က
တရားလူကြီးချုပ် နော်
လမ်းဘေးကသူတောင်းစားမဟုတ်ဘူး..
ငါ့ကို လူသတ်မူ့ဆွဲချက်နဲ့ထောင်ထဲရောက်တာကို
မင်းမြင်ချင်နေတာလားနေခြည်။
...သူ့ဆီ
မမကိုမပေးချင်တော့လို့လား....
ဒါဆိုလည်းတခြားနည်းလမ်းရှာကြရအောင်"

"မဟုတ်ဘူး အဲ့လူယုတ်မာကငါ့ကို
ပရောပရီစကားတွေပြောပြီး
ယောက်ကျားခြင်းအီစီကလီလာလုပ်နေလို့"

"ဘာ!!! မင်းကို အဲ့တကောင်က...."

"အေး..ဟုတ်တယ် ညနေကအိမ်တချက်ပြန်တုန်း
မေမေကသူ့ဆီ fileတချို့ယူဝင်ခိုင်းလို့.ဝင်ယူတာ
သူ့အိမ်ပေါ်မှာဆိုပြီး ငါ့ကိုအထင်သေးတဲ့ပုံနဲ့
​ေ-ွးစကားတွေပြောသွားတာလေ
ဒင်းကိုငါတသက်မကြေဘူး... အဲ့လိုဟာတွေက်ု
မုန်းပါတယ်ဆိုနေမှ...ကျစ်"

မျဥ်းပြိုင် (Completed)Where stories live. Discover now