အပိုင်း။၆၊၇။

3.9K 537 393
                                    

^^တယောက်ထဲလာခဲ့...
လူအပိုခေါ်လာချင်လည်းရတယ်
ဒါပေမယ့် ကိုယ့်ဟာကိုယ်ခေါ်လာတာမို့
ကိုယ့်ကိစ္စကိုယ်ရှင်းဘဲ^^ ဆိုပြီး...
အစမရှိအဆုံးမရှိ စာပို့လာသည်

နေရာရယ် အချိန်ရယ် လည်း
ရောက်လာပြီမို့ မသွားလို့ကလည်းမရ၊
သူတခါနှောက်ယှက်ရင်တစ်ခါ
အလုပ်ပိုတာမို့ခဏတဖြုတ်သွားလိုက်ဖို့
တေ​ွးမိ၏

**အချိန်ဇယားကအစပေါက်ကြားထားပြီးပြီမို့
ဒင်းလေးက လျှော့တွက်လို့မရတဲ့အထဲပါ၏။
မြို့တော်ဝန်တောင်သူနဲ့တွေ့ရင်မလုံခြုံတော့သလို...
ကိုယ်ဆိုးခဲ့ဘူးတယ်ဆိုတာသူ့လောက်တောင်
ဆိုးနိုင်ခဲ့ပါ့မလားပဲ..**

စကားပြောရင်အထပ်ကနေပြောတယ်။
လူတယောက်ကိုကြည့်ရင်နှိမ်ချိုးပြီးကြည့်တယ်။
ဘယ်တော့အခါမှ ထောင့်လည်းမကျိုးသလို
​ကြောက်စိတ်လည်းရှိမနေ...

တကယ်ဆို သူ့မူလရုပ်ခံလေးက
ချစ်စရာကောင်းတဲ့typeကိုရောက်တာမို့
ချစ်ဖို့ကောင်းတဲ့ပုံနေရင် တစ်နိုင်ငံလုံး
သူ့ကိုသည်းသည်းလှုပ်မှာသာ...

အင်းလေ
အခုလိုဆိုးနေတာတောင် ပြည်သူတွေဆီက
အချစ်ခံနေရတာကလည်း
သူဆန်းပေပဲ။

.....
.....

သူပြောသလို အနက်ရောင်ကိုဝတ်လိုက်ရင်း
ကားကိုအိမ်ထဲကထုတ်ပြီးထွက်ရန်ပြင်ရတော့သည်။
အချိန်က အဲ့ခဏလေးအားတာကို
နားရမလားမှတ်တယ် သူ့အမူ့တွေကြီးပဲ..။

ဒီကောင်လေး က တော်တော်ကိုစိတ်ရူတ်စရာသာ

.....

သူ့အသက်က ၃၁ ဟိုကောင်လေးထက်
၈နစ်လောက်ကြ​ီးတာမို့...
ဘက်တိုက်ရင်သူကပဲ
အရာရာလက်လျှော့ပေးဖို့
တွေးလိုက်မိသည်။ ခလေးနဲ့အပြိုင်ရန်ဖြစ်တဲ့
မြို့တော်ဝန် အနေနဲ့နာမည်တော် အကြီးမခံနိုင်ချေ။

သို့သော်....ဘက်တိုက်လိုက်တာကတော့
တော်တော်လေးကိုဆိုးဝါး၏။

......

"ရောက်လာပြီလား မြို့တော်ဝန်ကြီး"

"မင်းး..."

"လာပါ ထိုင်ပါအုံး"

"Sweet ဒါကဘာတွေလဲ!!!"

မျဥ်းပြိုင် (Completed)Where stories live. Discover now