အပိုင်း။၃၆။

3.1K 428 387
                                    

"ဆရာ!!! ဆရာ!!!!"

ကျုရှင်အပေါ်ထပ်ကို
တဒုန်းဒုန်း ပြေးတတ်လာတဲ့
နစ်ယောက်မရှိသော အွန်းဂီရဲ့မောင်လေး
လူဆိုးနေခြည်

"နေခြည်ရယ်
တဒုန်းဒုန်း နဲ့ပြေးတတ်လာတာ
အနောက်မှာကျားလိုက်လာလို့လားဟမ်!"

"အဲ့တာထက်အရေးကြီးတယ်
ကျုရှင်လာတဲ့လမ်းမှာ
နှာဘူးတကောင်ကိုနေခြည်တွေ့ခဲ့တယ်
အဲ့တာသူ့ကို အဲ့ဒီနေရာကနေ
သွားရိုက်ထုတ်ပေးပါလား"

ပြောလိုက်ရင်တနင့်တပိုး
....
ရုပ်လေးနဲ့ကိုမလိုက်သောလေး...
သူငယ်ချင်း မောင်လေးမို့
ဆိုးပေတေနေလည်းကျူရှင်လက်ခံပေး
ထားတာကို အခုကိုယ့်လမ်းကလူပါ
ထွက်ရိုက်ခိုင်းနေပြီ

"နေခြည်ရယ် အဲ့တာက
အများပိုင်လမ်းလေကွယ်
အဲ့ဒီလိုနေရာမှာအရူးတွေ
အိမ်ယာမဲ့တွေကအမြဲလိုလိုရှိတတ်တာပဲ
ဆရာလည်းတွေ့လိုက်ပါတယ်မနက်က
ကောင်လေးတယောက်မဟုတ်လား"

"အင်းးး သူကနှာဘူးလိုပဲ
ဒရမ်မာတွေထဲကလို
ဂွေးစေ့ထုတ်ထုတ်ပြတဲ့
အရူးမျိုးလားမသိဘူးသူက...."

"ပေါက်ပေါက်ရှာရှာနေခြည်ရယ်
ကောင်လေးပုံကြည့်ရတာအဲ့လိုမဟုတ်လောက်ပါဘူး
သူ့ဟာသူအဲ့ဒီမှာနေ့ညအိပ်နေတာပါ"

"တအိမ်အိမ်ဝင်ခိုးဖို့
စောင့်နေတာလားမှမသိတာ...
လမ်းညစ်ပတ်တယ်စည်ပင်ခေါ်လိုက်ဆရာ"

"တကယ်ပါပဲ အကိုလေးနေခြည်ရယ်
သူ့ဟာသူတောင်စားဖို့မရှိရတဲ့အထဲ
ဒဏ်တွေအရိုက်ခံရအောင်မလုပ်စမ်းပါနဲ့၊
နောက်တစ်ခါသူ့ကိုသဘောမကျရင်
သူရှိတဲ့ဘက်ကမလာနဲ့ပေါ့
စိတ်ကောင်းလေးထားစမ်းပါ
ရုပ်လေးကလှပြီး စိတ်ကပုတ်တူးနေရော"

"ဆရာ!!!!!"

"ငါ့ကိုပါးစပ်ကသာဆရာခေါ်နေတာ
လက်ညိုးထိုးခိုင်းနေတာကမင်းအိမ်က
မာလီကြနေရော...တော်တော​့အပိုတွေ
ပြောမနေနဲ့တော့သင်္ချာတွက်မယ်
စာအုပ်ထုတ်ထားး"

"အဲ့ဒီသင်္ချာကြီးမတွက်ချင်ဘူး
သောက်ရမ်းမုန်းတယ်
ဆရာအဲ့ဘာသာကိုဖြုတ်ပေး"

"ဟ ရမလား
မုန်းလည်းမင်းကအခုမှ
အထက်တန်းရှိသေးတာကို
ဖြုတ်ချင်ရင် တက္ကသိုလ် ရောက်မှ
သင်္ချာမပါတဲ့မသင်ရတဲ့မေဂျာကိုယူ
အခုတော့စာအုပ်ထုတ်တော့....
အေးနော် စကားနားမထောင်ရင်
မင်းခုနကပြောတဲ့အရူးနှာဘူးဆိုတာကို
ငါဒီအခန်းထဲခေါ်ထည့်ထားလိုက်မယ်"

မျဥ်းပြိုင် (Completed)Wo Geschichten leben. Entdecke jetzt