အပိုင်း။၁၆။

3.9K 514 638
                                    

ပြည်ပရောက်အဖိုး၏
သူမရှိတုန်းသူ့နိုင်ငံကိုပြောင်းဆန်အောင်
လုပ်ထားသောမြေးအား phနဲ့လှမ်းဆူကာ
သူမပြန်လာမခြင်း ဘယ်မှမထွက်ရ
အမိန့်ထုတ်ပြီး အကြမ်းလေးကို
အိမ်တော်ထဲတွင် အကျယ်ချုပ်ချလေတော့၏။

ထို့ကြောင်​့အကြမ်းလေးဟာ
ဘယ်မှမသွားရတာမို့ အိမ်ထဲကလူတွေကိုပဲ
ပြဿနာပတ်ရှာနေတော့၏။

အစထဲကကြောက်ပါတယ်ဆိုနေကာမှ
အခုဆို တချိန်ကုန် ဆူဆဲနေတာမို့
ကိုယ်ရံတော်အပါအဝင် အကူအားလုံး
ဆူဆိုက်လုပ်ချင်စိတ်တွေပါပေါက်လာရတော့၏။

နောက်ဆုံး ငါတို့သခင်လေး၏
အသဲကျော် နေခြည့်အားခေါ်ကာ
သခင်လေးနဲ့အတူနေဖို့phဆက်ကာငိုပြကြတော့၏။

====

"ဘာတွေမွှေနေတာလဲ အသေးလေး
တအိမ်လုံးကလူတွေလည်းနေစရာမရှိတော့ဘူး
မင်းဘာဖြစ်နေတာလဲ"

"ဘာဖြစ်ရမှာလဲ ငါအပြင်ထွက်ချင်တယ်"

"မင်းအဖိုးက ပိတ်ပင်ထားတာလေ
ရမလား ....ပြီး အိမ်ထဲမနေရင်
ထောင်ထဲသွားထည့်ထားဖို့ပြောထားတာ
မင်းမကြားဘူးလား"

"ဖိုးဖိုးကြီးက တကယ်ရောငါ့အဖိုးမှဟုတ်ရဲ့လား
အားနေ ထောင်ထဲထည့်မယ်ဆိုတာကြီးပဲ"

"သံသယကတော့ရှယ်များနော်
..
မင်းသောက်ချိုးမပြေတာကြထည့်မပြောနဲ့
မင်းလောက်ဆိုးတာမင်းပဲ
ဒါတောင်မင်းအဖိုးကလိုက်ကာကွယ်ပေးခဲ့တာကြီးပဲ"

"မသိဘူး စိတ်ရူတ်တယ်
အလကားနေ စေ့စပ်ရမှာနဲ့
...
မမြင်ချင်တဲ့အကုသိုလ်ကိုယူပေးရအုံးမှာနဲ့
ငါ့ကိုဖိုးဖိုးကြီးကအရုပ်လိုရောင်းနေတာ"

"မင်းအဖိုးဒါတွေလိုက်လုပ်နေတာ
မင်းအတိတ်က အမဲစက်ကိုဖုံးဖို့
အကြပ်ကိုင်ထားသူတွေတောင်းဆိုတာ
လိုက်လျှောပေးနေတာမဟုတ်ဘူးလား
အဲ့ဒီကိစ္စက ငါတောင်သိထားတာပဲ
တခြားလူတွေလည်းသိချင်သိနေ..."

"ဟင်အင်း မသိစေရဘူး
ဘယ်သူမှမသိရဘူးးး
အဲ့ဒီကိစ္စကြောင့်ငါစီနီယာ့အပေါ်
အပြစ်ကြွေး..."

"တော်တော့အသေးလေး
မင်းအတိတ်ကိုထပ်မဆွနဲ့တော့ အတိတ်က
နာကျင်စရာတွေ ပဲမို့ ခုလောက်ကလုံလောက်ပါပြီ
မင်းမမှားခဲ့တာမို့ မင်းမခံစားပါနဲ့
.
.
ငါလည်းစကားလွန်သွားမိတယ် Sorry
...
...
မေ့လိုက်စမ်းပါကွာ ဘာရှိလဲ
ငါဗိုက်ဆာပြီ "

မျဥ်းပြိုင် (Completed)Where stories live. Discover now