အပိုင်း။၅။

3.4K 505 162
                                    

"အားးးးး ဗိုက်နာတယ်
သေရပါတော့မယ် အားးးး"

ကားထဲကုန်းအော်ကာ
Dramaချိုးနေသော မင်းသားလေးကတော့
သမ္မတမြေး ပတ်ဂျီမင်းသာဖြစ်လေတော့၏။

အကြမ်းလေးကိုသူ့ဟာသူဆွဲချီပြီး
ခေါ်ထုတ်လာတာမို့
ကိုယ်ရံတော်များလည်းမပါကာ
ကားလည်းသူကိုယ်တိုင်မောင်းနေရသော
မြို့တော်ဝန်....

ဒါတောင်ကားကိုအေးဆေး
မောင်းလို့မရ နာတယ် နာတယ်ဆိုပြီး
ထထအော်နေသော အကြမ်းလေးကြောင့်
ဘေးကိုလည်းလှည့်လှည့်ကာ မေးနေရ၏။

"မင်းအဆင်ပြေရဲ့လား
ခဏလေးသည်းခံထားနော်
ကိုယ်မင်းကိုဆေးရုံပို့ပေးမယ်
နောက်ငါးမီနစ်နေရင် ဆေးရုံရောက်ပြီ"

"မသွားဘူးးး ငါပြနေကြ
ဆေးရုံကလွှဲပြီး ငါမသွားဘူး!!!!!"

"မင်းပြနေကြဆေးရုံက ဘာနာမည်လဲ"

"J Hospital! !!"

"ဘာ....အဲ့တာကမြို့ပြင်ကလေ..
မင်း မဟုတ်တာကိုရစ်မနေစမ်းနဲ့"

"ဘာလဲ ငါ့ကို စိတ်မရှည်တဲ့လေသံနဲ့
လာပြောနေတာလား ဟမ်!!!...
နာရတဲ့အထဲ...သောက်အဖိုးကြီးအလိုက်မသိဘူးး"

"မဟုတ်ဘူးလေ ကိုယ်ပြောတာကမင်း
ဗိုက်အောင့်နေတာ....မြို့ပြင်ကမင်းဆေးရုံဆို
အကြာကြီးမောင်းရအုံးမှာမို့ ကိုယ်ကဒီဆေးရုံကိုပဲ
အရင်ဝင်ပြစေချင်တာပါ...။မင်းကိုမအော်ရပါဘူး.."

"မသိဘူးးး သေပစေ့...ငါ့ဆေးရုံပဲငါသွားမယ်"

"ကျစ်......"

တကယ့်က်ုအကြောတင်းလေးသာ။
လုံးဝကို ကိုယ့်အဖိုးတည်ထောင်ထားတဲ့
မြို့ပြင်က ဆေးရုံကြီးကိုပဲသွားမယ်ပြောနေသော
ကောင်လေး။ဆက်ပြောနေရင်
အာသာညောင်းမှာမို့ မင်းအောင့်ခံနိုင်လည်း
ပြီးရောဆိုပြီး ကားလမ်းကြောင်းကိုပြောင်းကာ
မြို့ပြင်ကဆေးရုံသို့သာခေါ်သွားရတော့၏။

J Hospital ဆိုသော
ဆေးရုံက ဆိုးလ်ရဲ့အတော်ဆုံး
အထူးကုပါရဂူတွေကြီး
ထိုင်သောဆေးရုံမို့
ဆေးရုံစရိတ်က်ုဒေါ်လာနဲ့သာရှင်းပေးရ၏။
ထိုဆေးရုံမှာကင်ဆာနဲ့ပတ်သက်ပြီး
ကုထုံးအသစ်တွေပါရနိုင်တာမို့
ငွေကြေးတတ်နိုင်သူများဟာ ထိုမှာသာသွားတတ်ကြ၏။ တရက်ကိုပဲဝမ်းသန်းနဲ့ချီ ကျသင့်ပေမယ့်
အကုန်ခံနိုင်ကြသူများက အေးဆေးငွေမိုးရွာကြ၏။
ဆေးရုံတစ်ခုသာပြောသာ
ဝန်ဆောက်မူ့က 5 star hotelအဆင့်
ဝန်ဆောင်မူ့များနဲ့သာ...။
Jeon မျိုးနွယ်စုက
စီးပွားရေး လုပ်ငန်းများသူပီပီဒါကလည်း
Jeon jungkook ခေါ် မြို့တော်ဝန်ပိုင်ဆိုင်ရမယ့်
ပိုင်ဆိုင်မူ့တွေထဲကတစ်ခုသာ...ဒီဆေးရုံက မြို့တော်ဝန်မိသားစုအပိုင်မှန်းတော့
jiminမသိပါ။

မျဥ်းပြိုင် (Completed)Where stories live. Discover now