အပိုင်း။၁၀။

3.5K 534 173
                                    

ရှေ့ရက်ကမြို့တော်ဝန်ရဲ့
ဂိတ်ဆုံးစိန်ခေါ်လိုက်မူ့အပေါ်
သူမတုန်လှုပ်ဘူးငြင်းရင် ဒါဟာလိမ်နေခြင်းပဲ

ထိုနေ့အပြီးထဲက အကြမ်းလေးဟာ
မြို့တော်ဝန်ဆီကိုလည်းမသွားဖြစ်တော့ကာ
အရင်ဆုံးသူစီမံရမယ့်
နေခြည်နဲ့Angel ခိုးပြေးမယ့်အရေး
planတွေချနေခဲ့သည်။

တရားလူကြီးချုပ်က ပေါ့သေးသေး
မဟုတ်တော့ နေခြည်မိန်းမခိုးမယ့်
planကိုသူသေချာလေးတွေးပေးနေခဲ့ရသည်။

နေခြည်ကတော့ ရှေ့ရက်က
ထိန့်လန့်မူ့အပြီးထဲကအပြင်လည်း
ခေါ်ထုတ်လို့မရတော့ကာ ဘယ်ကိုမှလည်း
မသွားတော့ချေ....

တရားလူကြီးချုပ်ကို
အခုနေခြည်အသေကြောက်နေတာမို့
အရင်ကနေခြည်ကိုပဲ ပြန်လိုချင်မိတော့သည်။

အသေးလေးရယ် ငါအိမ်မှာတယောက်ထဲ
မနေရဲလို့ပါဆိုပြီး တငိုငိုတရီရီနဲ့သူ့အိမ်ကို
ခေါ်အိပ်တာကလည်း ကားမှန်အထုခံရပြီးထဲက

ဟိုလူကလည်း ကိုယ်အဲ့ဒီအိမ်မှာရှိနေတာတောင်
တနေ့နစ်ကြိမ်လောက်နေ့ခြည်ကိုကျားချောင်း
လာချောင်းနေတာလေ

နေခြည်ကလည်းအဲ့ဒီလူအသံကြားရင်ကို
နတ်ပူးသလိုကိုကြောက်နေတာ
အဲ့ဒီ အလိုက်မသိတဲ့သေခါနီးကြီးတွေကြောင့်
ကိုယ်ရောနေခြည်ရောက အကုသိုလ်တွေ
ဖြစ်နေခဲ့ရတာ....

ချီးလိုပဲ...ယောက်ကျားခြင်းလာပစ်မှားနေကြတဲ့
ဂီလာနတွေ....

ပြီး သောက်သက်ခပ်ကြီးကြီးတွေက
တန်ရာတန်ရာလည်းမမှန်းတတ်ကြဘူး

သေခါနီး ကြီးတွေ သောက်အကုသိုလ်သက်သက်...။

အသေးလေးတယောက်ထဲ
အချဥ်ဖောက်စွာတွေးနေစဥ်။

"အသေးလေး ငါနဲ့အတူတူ
အရင်လိုပြန်ကရအောင်လား"

"နေခြည်မင်းပါးစပ်ကိုပိတ်ထားမလား
ငါအိမ်ပြန်ရမလား.."

"မင်းကလည်း....
...အိမ်မပြန်ပါနဲ့..."

"အေး မပြန်စေချင်ရင်
မင်းလည်းပါးစပ်ပိတ်ထား
ငါ့ကိုဒီတသက်ကဖို့လာမခေါ်နဲ့"

"ပြီးခဲ့တာတွေလည်းပြီးခဲ့ပါပြီ အသေးလေးရယ်
မင်းစိတ်ကိုအဲ့လောက်မပြတ်သားခိုင်းပါနဲ့လား...
ဒါတွေက ကံတရားအရပဲလေ..."

မျဥ်းပြိုင် (Completed)Onde histórias criam vida. Descubra agora