Part 22

33.4K 1.1K 39
                                        

U+Z

"နီနီ အသည်းယားနေတာလား"

"အင်းလေ အိမ်အိမ်းရဲ့သားလေးတဲ့ ချစ်ဖို့ကောင်းလိုက်တာ ဒါနဲ့ငါချီတာမှန်ရဲ့လား"

"အင်း"

"သားသားလေး နီနီ့တူလေး"

နီနီကမနက်ထဲရောက်လာတာဖြစ်ကာ သားကိုချီကာအသည်းယားနေသည်။ ကလေးပထမဆုံးချီဖူးတာဆိုပေမယ့် နီနီက ကလေးချီတတ်ပါတယ်။ သေးသေးလေးဆိုတော့ လက်ကြားထဲကထွက်ကျမှာကိုလည်း နီနီ့မှာစိုးရိမ်နေသေးတာ။

"ဒါနဲ့ ဘာဖြစ်လို့ အခုမှဟန်းနီးမွန်းလဲ မင်္ဂလာဆောင်က ဘယ်တုန်းကဆောင်တာလဲ"

သူသိချင်တာကိုမေးလိုက်သည်။ ဟိုတစ်ယောက်နဲ့အစ်ကိုသင်္ကေတက ခြံဝန်းထဲမှာထိုင်ပြီးစကားပြောနေကာ သူတို့ကဧည့်ခန်းမှာဖြစ်သည်။

"ရှင်က ကျမကိုမိတ်ကပ်လိမ်းပေးမယ်လို့ပြောထားတာလေ ရှင်မှမရှိတာ ကျမက ဘာလို့မင်္ဂလာဆောင်ရမှာလဲ"

"နီနီရယ်"

သူနီနီ့ပုခုံးကိုတင်းတင်းလေးဖက်မိသွားသည်။ နီနီကတကယ်ကိုသူ့အတွက် မိသားစုလေး။ သူ မရှိလို့ မင်္ဂလာမဆောင်ဘူးတဲ့လား။

"ဒါနဲ့ မေမေတို့လည်း အံ့ဩနေတယ်သိလား နောက်ရက်ကလေးလာကြည့်အုန်းမယ်တဲ့"

"အင်း"

"အညွှန်းကိန်းတို့အိမ်က ဘာပြောလဲ"

"မသိဘူး ငါဘာမှမမေးဘူး"

"သူနင့်ကိုဘာပြောသေးလဲ"

"သားရှိလာတော့ အတူပြန်နေဖို့ပေါ့"

"နင် ဘာပြန်ပြောလိုကလဲ"

"ငါ စဉ်းစားအုန်းမယ်လို့၊ ငါ ဒီအတိုင်းပဲနေချင်တယ်၊ ဒီအတိုင်းကအသားကျနေပြီလေ"

နီနီသားကိုမြူရင်းနဲ့အိမ်အိမ်းကိုကြည့်လိုက်သည်။ အိမ်အိမ်းကအရင်ကထက်တောင် အသားအရေလေးပိုကြည်ကာ ချစ်ဖို့ပိုကောင်းနေသည်။

"နင်ထွက်သွားတဲ့မနက်က သူချက်ချင်းအိမ်ကိုရောက်လာတယ်လေ၊ နင့်အဝတ်အစားအိတ်ကိုပြန်ယူသွားပြီး သူ့ PA ကောင်လေးကို လူဖြန့်ပြီးချက်ချင်းရှာခိုင်းတာ"

INDEX [Complete] U+ZWhere stories live. Discover now