Part 4

25.3K 1.1K 42
                                        

U+Z

"သား မာမီ့ကိုဘာပြောချင်လို့လဲ"

"မာမီ့ ကျွန်တော့်ကို အစ်ကို့အကြောင်းပြောချင်တာမရှိဘူးလား"

"ပြောချင်တာတွေရှိတာပေါ့ စိတ်မထိန်းနိုင်မှာဆိုးလို့ ကိုယ့်ကိုယ်ကိုယ်ထိန်းနေရတာ"

ထိုစကားကြားတာနဲ့ အညွှန်းကိန်းသူရှာဖွေတွေ့ရှိထားတဲ့ဓါတ်ပုံကိုစားပွဲပေါ်တင်လိုက်ပြီး မာမီ့ကိုကြည့်လိုက်သည်။ မာမီက ဓါတ်ပုံကိုမြင်လိုက်တာနဲ့မျက်နှာပျက်သွား၏။ ဒါဆို မာမီသိနေတယ်ဆိုတဲ့သဘော။ သူကိုယ်တိုင် ဒီပုံကိုမြင်ထဲက မာမီ့ကိုမေးချင်နေတာ။ သားအကြီး ဆုံးသွားတဲ့မာမီကိုသူ့မှာနေ့စဉ်နေ့တိုင်းစောင့်ကြည့်နေရပြီး မာမီပါတစ်ခုခုဖြစ်သွားမှာ မလိုလားတာကြောင့်။ သူကိုယ်တိုင်လည်း အစ်ကို့နေရာကိုဝင်ပြီး လုပ်ငန်းတွေကိုလေ့လာရတယ်။ နေ့တိုင်းနာရတယ်ကိုမရှိ။ အစ်ကို့အတွင်းရေးမှူး ပြည့်ဖြိုးဆိုသူ့ကို လုပ်ငန်းလည်ပတ်ပုံကိုရှင်းပြပြီး အစ်ကိုတုန်းကဘယ်လိုမျိုးဆိုတာရော ဒီအထဲမှာရှိတဲ့လူတွေအားလုံးကလည်း ဘယ်လိုမျိုးဆိုတာပါ ပြောပြနေရတာဖြစ်ပြီး သူတို့နားရတယ်ကိုမရှိ။ အခုတော့ အချိန်လေးလည်းနည်းနည်းရတုန်း မာမီလည်း စိတ်တည်ငြိမ်သွားလို့သူထင်တာကြောင့် ဖွင့်ပြောထုတ်မေးလိုက်တာဖြစ်သည်။

"မာမီ ဘာသိထားလဲ"

"သူ့နာမည်က ဝင်္ကပါအိမ်ဆိုတာရယ် တောမှာနေတဲ့ အခြောက်ဆိုတာရယ် သားအစ်ကိုပြုစားထားတာရယ်ပဲ မာမီသိတယ်"

သူ့မျက်ခုံးတွေတွန့်ချိုးသွားသည်။ နာမည်က အတူတူပဲ။ သူသိထားတာလည်း ဟိုတစ်ယောက်က မြို့ကိုရောက်တာမကြာသေးဘူး။

"အစ်ကို ဆုံးတာ သူ့ကြောင့်လား"

"သေချာတာပေါ့"

မာမီ့စကားအဆုံးမှာ အညွှန်းကိန်း မေးရိုးတွေတင်းကနဲဖြစ်သွားသည်။ အစ်ကိုက ယောက်ျားလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့တာလား။ ဒါမှမဟုတ် တစ်ဖက်က‌ယောက်ျားလေးက အစ်ကို့ကို မြှူဆွယ်ခဲ့တာလား။

"မာမီ ဒီကိစ္စတွေကို မင်းအစ်ကိုမဆုံးခင်တစ်ရက်အလိုမှ သိခဲ့ရတာသား"

INDEX [Complete] U+ZWhere stories live. Discover now