Part 2

36.4K 1.3K 91
                                        

U+Z

အညွှန်းကိန်းသိချင်နေတဲ့နောက်တစ်ခုက အစ်ကို့နာရေးမှာမာမီ့အနားကိုရောက်ရောက်လာတဲ့မိန်းမတစ်ယောက်။ သူ့ထက်တော့ကြီးပုံရပြီး ကြည့်လို့ကောင်းတဲ့အထဲမှာပါတယ်လို့ပြောရမယ်။ အခုလည်း မာမီနဲ့ခြံထဲမှာစကားပြောနေတာကို ဝရန်တာကနေမြင်နေရသည်။

"သမီးလေးရယ်..."

"စိတ်ထဲမထားပါနဲ့အန်တီ ဖြစ်ပျက်သွားတော့ သမီးတို့လဲဘာလုပ်နိုင်မှာလဲ"

ပြောလိုက်ပေမယ့်သူမစိတ်ထဲမှာတော့သိပ်အဆင်မပြေ။ သူမနဲ့စေ့စပ်မယ်လို့သတင်းထွက်ပြီးနောက်ရက်မှာ ဒီလိုဖြစ်သွားတာမလား။ ကိုသော်ဝေကိန်းက အသားဖြူဖြူအရပ်ကလည်းရှိသင့်သလောက်ရှိတယ်။ စကားပြောလည်းညက်တယ်။ သူမဆို ကိုသော်ဝေကိန်းနဲ့စကားပြောနေချိန်ဆို ငေးကြည့်နေမိတဲ့အထိစကားပြောကောင်းတာ။ တစ်ဖက်လူကနှုတ်ကစကားတစ်လုံးထွက်တာနဲ့ ဘာကိုဆိုလိုတာလည်းနားလည်ပြီး ဦးစားပေးတတ်တယ်။ သူမဆို အလုပ်လက်တွဲလုပ်ရင်းကိုသော်ဝေကိန်းကိုအများကြီးသဘောကျခဲ့ရတာ။ ကိုသော်ဝေကိန်းက တစ်ဖက်လူရဲ့လိုအင်ဆန္ဒဘာလဲဆိုတာ စကားလုံးထွက်လာတာနဲ့သိတယ်။ ဒါကြောင့်မို့လို့လဲ လုပ်ငန်းကအောင်မြင်ပြီး ချီးကျူးခံရတာ။ လုပ်ငန်းလုပ်တိုင်းအောင်မြင်တယ်ပြောရမှာပေါ့။ ဝန်ထမ်းအမှားကြောင့်တစ်ခုခုဖြစ်ရင်တောင် ကိုသော်ဝေကိန်းကိုယ်တိုင်တောင်းပန်ပြီး အားလုံးကိုဖြေရှင်းကိုင်တွယ်နိုင်တဲ့အထိ။ ဒါပေမယ့် ကိုသော်ဝေကိန်း မသိတဲ့တစ်ဖက်လူဆန္ဒကတော့ အချစ်ရေးပါပဲ။ အလုပ်အတူလက်တွဲလုပ်လာရင်း သူမဘက်ကထုတ်ပြခဲ့တဲ့ ချစ်ခြင်းတွေကိုတော့ကိုသော်ဝေကိန်းကမမြင်ခဲ့ဘူး။ သူမ မိဘတွေကိုဖွင့်ပြောပြီး လူကြီးချင်းစကားပြောဖို့တောင်းဆိုခဲ့တာ။ လူကြီးချင်းကအဆင်ပြေပြီး စေ့စပ်ကျမယ်လို့ကြေငြာပြီးကာမှ နောက်ရက်မှာကိုသော်ဝေကိန်း ကား accident ဖြစ်ပြီးဆုံးသွားတာဖြစ်သည်။ ရုတ်တရက်မြို့ပြင်ဘက်ဦးတည်သွားတဲ့အစ်ကို့ကားနောက်ကို အန်တီမေမိုးကနောက်ကကားထည့်လိုက်တော့ accident ဖြစ်တာကိုတန်းသိရတာ။

"သမီးလေး မစိုးရိမ်နဲ့နော်"

ဒီစကားကိုသူမ မမျှော်လင့်ဘူးဆိုရင်မှားမှာပေါ့။ နာရေးမှာ တစ်ချိန်လုံးရှိနေတဲ့သူမက သော်ဝေကိန်းရဲ့ညီကို မမြင်ဘူးဆိုရင်လိမ်ညာရာကျမှပေါ့။ သော်ဝေကိန်းနဲ့ကွဲပြားစွာမြင်ရတဲ့ ညီဖြစ်သူအညွှန်းကိန်းပုံစံက သူမအမြင်ဘယ်လိုပြောရမလဲ သော်ဝေကိန်းနဲ့ဆန့်ကျင်စွာ သူမစိတ်ဝင်စားမိတဲ့အပိုင်းလို့ပဲပြောရမှာ။ သူမ တပ်အပ်မပြောနိုင်သေးပေမယ့် အညွှန်းကိန်းက စိတ်ဝင်စားဖို့တော့ကောင်းသည်။ အညွှန်းကိန်းပုံစံကြည့်ရတာ ငယ်ပေမယ့်သူ့အစ်ကိုနဲ့ဆန့်ကျင်စွာ အနည်းငယ်ကြမ်းတမ်းမယ့်ပုံစံပေါက်သည်။ အစ်ကိုရဲ့အလောင်းကိုသင်္ဂြိုလ်တုန်းကတောင် လက်တစ်ဖက်ဘောင်းဘီအိတ်ထဲထည့်ပြီး မျက်တောင်မခက်ပဲကြည့်နေတာကို သူမ မျက်ဝါးထင်ထင်မြင်ရပြီးသား။ ဒါကိုက ထူးခြားနေတာ။ အစ်ကိုဆုံးတာကို ဝမ်းမနည်းတာမဟုတ်ပဲ မျက်ရည်မကျတတ်တဲ့ပုံစံမျိုးလို့ သူမထင်သည်။ ယောင်ယမ်းကာလှည့်ကြည့်မိတော့ ဝရန်တာမှထွက်ပြီး ဟိုနေ့ကလိုပင်ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ထားပြီး ဘာမှမရှိတဲ့အရှေ့ဟင်းလင်းပြင်ကိုကြည့်နေသည်။ အစ်ကိုတုန်းကလူယဉ်ကျေးလေးဖြစ်ပြီး သဘောကျဖို့ကောင်းသလို ညီဖြစ်သူကိုကြည့်လိုက်တော့လည်း တစ်မျိုးဆွဲဆောင်နေသည်။ အကြီးနဲ့လွဲချော်ခဲ့တဲ့သူမက အညွှန်းကိန်းနဲ့ဆက်ပြီးလက်တွဲဖို့ဖြစ်နိုင်လား။ သူမ ဒီလိုမျိုးအတွေးဖြစ်လာတာကလည်း သူမတို့မျိုးရိုးကလည်း ပေါ့သေးသေးမဟုတ်လို့ပေါ့။ မိဘချင်းစကားပြောရုံနဲ့သဘောတူလိုက်တဲ့ အန်တီဒေါ်မေမိုးစံကိုယ်တိုင်သူမတို့မိသားစုနဲ့ ဘိုးဘွားတွေလက်ထက်ထဲက ခင်မင်ရင်းနှိးလာတာဖြစ်ပြီး လုပ်ငန်းပေါင်းများစွာလည်း ရှေးအရင်တွေထဲက အတူတူလုပ်လာတဲ့သူတွေမို့လို့။

INDEX [Complete] U+ZWhere stories live. Discover now