Part 10

30.3K 1.1K 84
                                        

U+Z

"အိမ်အိမ်းက ငါ့ကိုမခင်တော့ဘူး"

"စိတ်မကောက်တော့နဲ့ခင်လို့ပဲ ပြောပြတာကို"

"မဟုတ်ဘူး ငါ့ကိုမခင်တော့ဘူး ငါ အိမ်အိမ်းကိုမချစ်တော့ဘူး"

ပိတ်ရက်မှာထမင်းစားဖို့ နီနီ့အကြိုက်ဆိတ်သားချက်ထားမယ် လာခဲ့ဆိုတာနဲ့သူ့ဆီရောက်လာသူက အခုတော့ သူလှီးပေးထားတဲ့အသီးတွေကိုစားရင်း သူ့ကိုမခင်တော့ဘူးလို့ ရေရွတ်နေတာ။ တကယ်တော့ ဒီအိမ်ကအညွှန်းကိန်းအိမ်ဆိုတာကို ပြောပြလိုက်တာ။ ဒါကိုသိသိချင်းထဲကမပြောပဲ အခုမှပြောလို့တဲ့လေ။ ကိုယ်ကသူ့ကိုအေးအေးဆေးဆေးပြောပြချင်တာလေ။ ဒါကိုစိတ်ကောက်နေတာ။

"အိမ်အိမ်းကိုငါမချစ်တော့ဘူး"

"အဲ့ဒါဆိုချက်ထားတဲ့ ဟင်းတွေက သူများပေးလိုက်ရမလား"

"အီးဟီး အိမ်အိမ်းက ငါ့ကိုတကယ့်မချစ်တော့ဘူး"

တကယ်ငိုတာလည်းမဟုတ်ပဲ လျှောက်လုပ်နေတာ။

"ငါ စဉ်းစားထားတာ နီနီလာရင် ငါကလက်သည်းလေးလည်းပြင်ပေးမယ် မျက်နှာလည်းပေါင်းတင်ပေးမယ်ပေါ့ အခုတော့ မချစ်တော့ဘူးဆိုတော့ မလုပ်ပေးရတော့ဘူးပေါ့"

အဲ့တော့မှသူ့ကိုကြည့်လာသည်။ ပြီးတာနဲ့သူ့ကိုထုရိုက်လာတော့၏။ ဒါဆို နီနီစိတ်ဆိုးပြေသွားပြီသွားပြီဆိုတာ သူသိလိုက်တော့သည်။

"ပြော အဲ့ဒါပဲလား ဘာထပ်ရှိသေးလဲ"

"ဘာမှထပ်မရှိဘူး သူလည်းဒီမှာအမြဲနေတာမဟုတ်ဘူး ဒီဘက်ကိုလာမယ်ဆိုမှ သူလာမယ့်အကြောင်းငါ့ကိုဖုန်းလှမ်းဆက်တာ"

မှန်မှန်လိမ်လိုက်ရတာပေါ့။ ဟိုညက အသက်ရှူမှားလောက်အောင်နမ်းခဲ့တာတွေကို သူချန်ထားခဲ့လိုက်သည်။ ဘာမှန်းမသိသေးတဲ့ ဆက်ဆံရေးဆိုတော့ နမ်းဖြစ်ခဲ့တယ်ဆိုတာကိုတော့ သူထည့်မပြောချင်ပေ။ အဲ့ညတုန်းကလည်း အသက်ရှူမှားတော့လောက်မယ့်အထိကို သူ့ကိုနမ်းသွားတာ။ နမ်းပြီးတာနဲ့သူ့ကြောင့်စိုရွှဲသွားတဲ့ သွားရည်တွေကိုသုတ်ပေးပြီး ကိုယ့်ကိုကြည့်နေသေးတာကြောင့်ရှက်ပြီး ထွက်ပြေးခဲ့မိတာ။ အခန်းထဲရောက်တာနဲ့မှန်တောင်မကြည့်ရဲ။ ကိုယ်ကဒီလိုမျိုးကြိုက်တဲ့သူဆိုတော့ ပိုရှက်ရသည်။ ပြီးတော့ကိုယ့်ရင်ခုန်သံတွေက တစ်ခါတလေ သူ့ကြောင့်ပိုခုန်လာတာကြောင့် တကယ်ကိုရှက်ရ၏။ ကိုယ်ရင်ခုန်နေရတဲ့သူက ကိုယ့်ကိုဒီလိုမျိုးလာလုပ်နေမှတော့ မရှက်ရင်သူရူးနေလို့ နေမှာပေါ့။ မနက်ရောက်မှသူ့နှုတ်ခမ်းကအကောင်တစ်ကောင်ကိုက်ထားသလို အနည်းငယ်ယောင်နေတာ။ သူလည်း တက်ရမယ့်ပွဲရှိတော့ စောထွက်သွားတာဖြစ်လောက်ပြီးသူတို့ထပ်မတွေ့ဖြစ်သေး။ ဒါကြောင့်ပဲ သူနဲ့ကိုယ်ကြားက ဆက်ဆံရေးကဘာမှန်းကိုမသိရသေးတာမဟုတ်လား။

INDEX [Complete] U+ZWhere stories live. Discover now