U+Z
"ဘော့စ်ဒီတစ်ခေါက် တွေ့ဆုံပွဲကထိုင်းမှာပါ၊ ကိုရီးယားဘက်က schedule ပို့လာပြီ"
"အင်း"
"ကျွန်တော် လေယာဉ်လက်မှတ်ဖြတ်လိုက်ပြီ၊ ဟိုတယ်အခန်းလည်း ယူပြီးပါပြီ"
"အင်း"
"ဟို ကျွန်တော်တို့ လူတွေပြန်ခေါ် လိုက်ရမလား ဆက်ရှာပေးရအုန်းမလား"
"မတွေ့မချင်းရှာ!"
"ဟုတ်ကဲ့"
အရင်ထဲကမျက်နှာအမူအရာကကြောက်ဖို့ကောင်းပါတယ်ဆို အခုတော့ပိုဆိုးနေသည်။သူရှာခိုင်းတဲ့လူကလည်း ဘယ်လိုရှာရှာ ရှာလို့မှမတွေ့ပဲ။ အလုပ်ကိုလာတာလည်း အရင်လိုပုံမှန်မရှိတော့။ တစ်ခါတလေ လိုအပ်လို့ လက်မှတ်သွားထိုးရရင်လည်း အိမ်မှာမဟုတ်ပဲ အပြင်ကွန်ဒိုမှာသွားထိုးရသည်။ အရေးကြီးတဲ့ကိစ္စရှိရင် ညဘက်သတိပေးပြီး မနက်အိပ်ရာနိုးချိန်လောက်မှန်းပြီးဖုန်းဆက်ပေးရသည်။
"ပြည့်ဖြိုး လာအုန်း"
အခုမှအပြင်ထွက်ပြီးတယ် ပြန်ခေါ်လို့ထပ်ဝင်ရပြန်သည်။
"ဘော့စ်"
"အရင်းနှီးဆုံးမိတ်ဆွေ မင်္ဂလာပွဲကို ဘာလက်ဖွဲ့သင့်လဲ"
"ပိုက်ဆံ!"
"ပိုက်ဆံလိုတဲ့သူမဟုတ်ရင်တော့ တချို့က ဟန်းနီးမွန်းထွက်ဖို့တာဝန်ယူပေးတာတို့ ဘာတို့လုပ်ပေးတယ်"
"Ok Thanks!"
"ဟုတ်ကဲ့"
"နေအုန်း သင်္ကေတနဲ့နီလာမြင့်နာမည်နဲ့ ချင်းမိုင်မှာ ၂ ပတ်လောက် ဟန်နီးမွန်းအတွက် ဘိုကင်တင်ပေးလိုက်"
"ဟုတ်ကဲ့"
သင်္ကေတမှာလက်ထပ်ဖို့ နီလာမြင့်ကိုတော်တော်နားချလိုက်ရသည်။ အိမ်အိမ်းမရှိရင် လက်မထပ်ပါဘူးလုပ်နေတဲ့ နီလာမြင့်ကသူတို့အားလုံးဝိုင်းပြောမှ သဘောတူလိုက်တာ။ ဒါတောင် တော်တော်ကြာသွားသည်။
"ခင်များ သူငယ်ချင်း မင်္ဂလာဆောင်နေပြီ"
"ခင်များ သူ့မင်္ဂလာဆောင်မှာ မိတ်ကပ်လိမ်းပေးဖို့ တာဝန်ယူပေးမှာဆို"
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)