U+Z
"မန္တလေးမှာ ဘယ်လောက်ကြာမှာလဲ အဝတ်တွေက ဘယ်နှစုံထည့်ပေးရမှာလဲ"
"ကြာမှာ လိုတာပဲထည့်၊ အဝတ်အစားက ဝယ်ဝတ်လို့ရတယ်"
အိမ်အိမ်း မန္တလေးကိုခရီးသွားရမယ်ဆိုတဲ့ မောင်ကြောင့်အဝတ်တွေနဲ့လိုတာတွေကို သေသေချာချာတွေးပြီးထည့်ပေးနေရသည်။ သွားတိုက်တံကို ခဏခဏလဲတတ်တဲ့ မောင့်ကြောင့် သွားတိုက်တံကို ဒါစင်လိုက်ထည့်ပေးထားရသည်။ သွားတိုက်ဆေးကိုလည်း ဝယ်ပြီးသား menthol ပါတာတွေကို ထည့်ပေးရသည်။
"ဟိုတယ်မှာနေမှာလား၊ သဘတ်တွေလိုသေးလား"
"အဲ့ဒါတွေ ထည့်မနေနဲ့ မလိုဘူး"
"အင်း"
ဗီဒိုရှေ့ထိုင်ကာသူ့အဝတ်အစားတွေကိုထည့်ပေးနေသူကို ကုတင်စွန်းမှာထိုင်ကာသူ ကြည့်နေလိုက်သည်။ သူ့အတွက်လိုတာတွေကိုထည့်နေတာဖြစ်ပြီး သူဘာလိုလဲ ထထမေးသေးတာဖြစ်၏။
"ခင်များ လာအုန်း"
ပြောလဲပြောနေကနေသူ့ဂျိုင်းကမချီသွားတာဖြစ်သည်။
"မောင့်အဝတ်တွေထည့်ပေးနေတာလေ"
"အဲ့ဒါထားလိုက်"
သူ ဒီလူနှုတ်ခမ်းတွေကိုနမ်းစုပ်ပစ်လိုက်သည်။ မာမီ ယစ်မူးဘွယ်ကိစ္စပြောတုန်းက ဒီလူ့ကိုမတွေးမိတာမဟုတ်ပေမယ့် ဒီလူနဲ့သူကဘာလဲဆိုတာ သူကိုယ်တိုင်လည်းမသိ။ အစ်ကို့ကိစ္စကြောင့် ဒီလူ့အနားကိုကပ်ခဲ့တယ်။ ဖျက်ဆီးပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့။ သူရည်ရွယ်ခဲ့တဲ့ ရည်ရွယ်ချက်က အောင်မြင်ရဲ့လား။ တစ်စိတ်တစ်ပိုင်းအောင်မြင်တယ်ဆိုပေမယ့် သူ ထပ်သိချင်နေတဲ့ တစ်စိတ်တစ်ပိုင်းက ဘာလဲ။ ထပ်သိချင်နေတဲ့ တစ်စိတ်တစ်ပိုင်းက ဘာအကြောင်းအရာလဲ။ မာမီ့ကိုကြည့်လိုက်ရင်လည်း သူ့အပေါ်ကိုချုပ်ချယ်တာတွေမရှိသလို သူ့ကိုလွတ်လပ်ခွင့်ပေးထားတာဖြစ်ပြီး မာမီဖြစ်စေချင်တဲ့ ကိစ္စကလည်း မဖြစ်သင့်တာတော့မဟုတ်။ ဒါဆို သူရဲ့စိတ်ကဘာလဲ"
"မောင် အိမ်အိမ်းကိုဖုန်းဆက်မှာလား"
အဝတ်ထည့်နေရင်း ကုတင်ပေါ်ရောက်သွားတဲ့သူက အခုတော့အဝတ်တွေမကပ်ပဲ မောင့်ရင်ခွင်ထဲရောက်နေသည်။ မောင်က သူ့ခေါင်းကိုလက်မောင်းပေါ်အုန်းစေပြီး နောက်ကနေသူ့ခါးကိုဖက်ထား၏။
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)