Part 16

27K 1K 37
                                        

U+Z

မန္တလေးကအပြန်သမီးလေးက သားနဲ့စကားကောင်းကောင်းပြောခဲ့ရတယ် ပြောပေမယ့် အွန်လိုင်းမှာ ရုတ်တရက်ထွက်လာတဲ့သတင်းက သူမကိုတုန်လှုပ်စေသည်။ တက်လာတဲ့သတင်းတွေကို သူမချက်ချင်း ပိတ်ခိုင်းလိုက်ရ၏။ သားက Signature Hair Salon ပိုင်ရှင်ကောင်လေးနဲ့ရင်းနှီးတာလား။ ပြန်ရောက်တာနဲ့ ဒင်နာပွဲကိုမနားပဲသွားတက်တာ။ ဒင်နာပွဲသွားတက်တာမပြောလိုပေမယ့် သွားတက်တာနဲ့ မဟုတ်တဲ့သတင်းတွေထွက်လာတာက ပြောစရာဖြစ်နေသည်။ သားကိစ္စကို သူမစုံစမ်းမှရတော့မယ်။ လူကြားထဲမှာယောက်ျားလေးတစ်ယောက်ကိုဆွဲထုတ်ကာ လက်ဆွဲခေါ်သွားတယ်ဆိုတဲ့ ကိစ္စက သားကြီးကိစ္စတုန်းကလို သူမတုန်လှုပ်သွားရသည်။ ပုံတွေဘာတွေတက်မလာပေမယ့် သတင်းတက်လာ။ ဘယ်သူလဲ သားဆွဲထုတ်တဲ့ ယောက်ျားတစ်ယောက်က။ အဲ့ဒိတစ်ယောက်နဲ့သားက ဘယ်လိုပတ်သက်နေလဲ။

"အန်တီ သမီးလာတယ်"

"သမီးလေး လာလာ"

"နေပြည်တော်ဘက်လည်းရောက်ခဲ့တော့ နန်းစိန်ကိတ်တွေရော တခြားဝယ်လာတာတွေရှိလို့ လာပေးတာ အန်တီ"

"သမီးရယ်"

သားနဲ့ပတ်သက်ပြီးထွက်သွားတဲ့သတင်းကို တစ်ဖက်မိသားစုက မသိလို့ပေါ့။ သိများသိရင်ဘာပြောအုန်းမလဲ မသိပေ။ သူမက သားနဲ့ပတ်သက်ပြီးထွက်လာမယ့် မဟုတ်တဲ့သတင်းတွေကို အမြဲစောင့်ကြည့်ပြီး ပိတ်ခိုင်းနေမှဖြစ်တော့မယ်။ အခြေအမြစ်မရှိတဲ့ သတင်းတွေကြောင့် ကလေးတွေကောင်းစေချင်လို့ လူကြီးတွေစီစဉ်ထားတဲ့ကိစ္စကို သူမ ထိခိုက်ခံမှာမဟုတ်။

"အညွှန်းကိန်း မနိုးသေးဘူးလား အန်တီ"

"အဲ သားက မနက်စောစောထွက်သွားတယ် သမီးရဲ့"

သမီးလေးကိုသူမလိမ်ပြောလိုက်ရသည်။ အမှန်ဆို မနေ့ကနေ့လည်လောက်ကပြန်ရောက်ပြီး ညဘက်ကထွက်သွားထဲက ပြန်မလာသေးတာမဟုတ်လား။ သူမ ဒီကိစ္စကိုအမြန်ဆုံး စုံစမ်းအုန်းမှ ဖြစ်အုန်းမှာပါ။

"သမီးက အိမ်မှာပဲထမင်းစားသွားလေ"

"ဖြစ်တာပေါ့ အန်တီရယ်"

INDEX [Complete] U+ZWhere stories live. Discover now