Part 13

26.1K 1K 19
                                        

U+Z

အညွှန်းကိန်း အပေါ်ကသူ့အခန်းကနေ CCTV ကိုကြည့်နေမိသည်။ ဝင်္ကပါအိမ်က သူဖုန်းဆက်ပြီးထဲက ပြန်ရောက်နေပုံရပြီး နံရံကိုမှီထိုင်နေတဲ့အတိုင်းရှိနေသည်။ ပြန်ရောက်ထဲကမလဲရသေးတဲ့ အဝတ်အစားတွေနဲ့ဖြစ်ကာ ကိုလိုက်မျက်ရည်တွေကိုလက်နဲ့သုတ်လိုက်လုပ်နေ၏။

"အစ်ကိုက သေသွားတယ်တဲ့လား"

သူဘယ်လိုယုံရမှာလဲ။ အစ်ကို့နံပါတ်ဝင်လာတုန်းက သူရင်တုန်သွားတာ။ သူကအခု အညွှန်းကိန်းရှိနေပြီမဟုတ်လား။ အစ်ကို့ကိုရှင်းပြဖို့ကိုလည်း တစ်ဆက်ထဲတွေးမိသွားတာဖြစ်ကာ အစ်ကိုဖုန်းဆက်လာလို့လည်း ဝမ်းသာသွားတာဖြစ်သည်။ ဒါပေမယ့် တစ်ဖက်ကအစ်ကို့အသံမဟုတ်မှ သူစိတ်နည်းနည်းရှုပ်သွားခဲ့တာ။ နောက်ဆက်တွဲဆက်ကြားရတဲ့ သတင်းကတော့ သူ့ကိုဆက်တိုက်ငိုကျွေးဖို့လုံလောက်တဲ့အကြောင်းရင်းတွေဖြစ်နေ၏။ အစ်ကိုက သူ့ဆီလာရင်း ကား accident ဖြစ်သွားတာနေမှာ။ လွန်ခဲ့တဲ့တစ်နှစ်ကဆိုတာရယ် လှည်းကူးဘက်ဆိုတာရယ်က သက်သေ။ ဒီနှစ်ချက်ကပဲ သူ့ဆီကိုလာရင်း car accident ဖြစ်တယ်ဆိုတယ သေချာနေသည်။

"အစ်ကိုက ငါ့ကြောင့် ငါ့ကြောင့်သေသွားတာ"

သူယူကြုံးမရဖြစ်ပြီးငိုမိတော့သည်။ သူကတော့ အစ်ကိုဒီအတိုင်းအဆက်အသွယ်မလုပ်ဘူးထင်ခဲ့တာ။ တကယ်တမ်းအစ်ကိုက သူ့ကိုအဆက်အသွယ်မလုပ်တာမဟုတ်ပဲ သူ့ဆီလာရင်းနဲ့ ကားမတော်တဆဖြစ်ပြီး သေသွားတာ။ အစ်ကိုကသူ့ကြောင့်သေသွားတာ။ ဒါတွေကိုမသိတဲ့သူက ဆက်သွယ်မရတဲ့ဖုန်းကိုဆက်ပြီး အစ်ကိုသူ့ကိုပစ်ပယ်သွားပြီလို့ထင်ခဲ့တာ။

"ဝင်္ကပါအိမ် နင့်ကြောင့်နင့်ကြောင့် အစ်ကိုသေသွားတာ အီးဟီး"

နံရံကိုမှီထားရင်း ထောင်ထားတဲ့ဒူးခေါင်းကိုပိုက်ကာ မျက်နှာမှောက်ချလိုက်သည်။ ငိုသံမထွက်တော့ပေမယ့် သူ့ကိုယ်ကတုန်လှုပ်နေတာကိုကြည့်တာနဲ့ ငိုနေတယ်ဆိုတာ သေချာသိနိုင်သည်။

တင်းတောင်~~~

နီလာမှာ သင်္ကေတဖုန်းဆက်တာကြောင့် အပြေးလိုက်လာခဲ့ရတာ။ အလုပ်ထဲမှာရှိနေတုန်းအိမ်အိမ်းဆီ ဖုန်းတစ်ခုဝင်လာပြီး အိမ်အိမ်းမူးလဲသွားတယ်လို့ ဆိုတာကြောင့် အိမ်ကိုတန်းလိုက်ခဲ့ရတာ။ ခဏနဲ့သတိပြန်ရတဲ့ အိမ်အိမ်းက အိမ်ကိုပြန်ပို့ပေးပါဆိုလို့ အိမ်ကိုပြန်ပို့ပေးထားတယ်လို့ဆိုတာကြောင့် လိုက်လာခဲ့တာ။ ဘာဖြစ်လို့ အိမ်အိမ်းက ဒီလိုမူးလဲသွားရတာလဲ။ အိမ်အိမ်းကိုဖုန်းဆက်တာ ဘယ်သူမို့လို့လဲ။ သူရင်တွေပူလှသည်။ ဘဲလ်ကိုဆက်တိုက်တီးနေပေမယ့် လာမဖွင့်သေးတဲ့အိမ်အိမ်းကြောင့် သူစိတ်ပူရသည်။ ဖုန်းဆက်တော့လည်း အိမ်အိမ်းကဖုန်းမကိုင်ပေ။ အထဲမှာ ထပ်ပြီးမူးလဲနေပြီလား။

INDEX [Complete] U+ZWhere stories live. Discover now