"နီနီနဲ့လိုက်နေမယ်"

"အင်း လိုက်ခဲ့လိုက်ခဲ့ ခေါ်ချင်နေတာ"

သူငယ်ချင်းနှစ်ယောက်စကားကြောင့် အညွှန်းကိန်းနဲ့သင်္ကေတ အကြည့်ချင်းဆုံမိသွားသည်။

"ခင်များမှာ အိမ်မရှိလို့လား၊ သင်္ကေတနဲ့နီလာမြင့်ကအခုမှ ဟန်းနီးမွန်းကပြန်တာ ခင်များက သူများလင်မယားကြား ဘာဝင်ရှုပ်မလို့လဲ၊ သွားတက် အိမ်ပြန်မယ်"

နီနီတို့ဟန်းနီးမွန်းထွက်လာတာကိုသူတကယ်မသိတာ။ သူ့နောက်ကိုလိုက်မသွားချင်လို့ နီနီနဲ့လိုက်နေဖို့ စဉ်းစားလိုက်တာ။ အစ်ကိုနဲ့နီနီ ဟန်းနီးမွန်းကအပြန်မှန်းသိရင် သူလိုက်နေမယ်လို့မပြောပါဘူး။ ဒါနဲ့ ဘာဖြစ်လို့အခုမှဟန်းနီးမွန်းလဲ။ စေ့စပ်ပြီးတာသူထွက်မသွားခင်ထဲကလေ။ အဲ့ဒါကိုဘာဖြစ်လို့ အခုမှ မင်္ဂလာဆောင်ရတာလဲ။

"ရတယ် အိမ်အိမ်းလိုက်နေချင်ရင် ဘာမှမဖြစ်ဘူး"

အဲ့လိုတော့လည်း သူလိုက်မနေချင်ပါဘူး။

"နီလေး သားကအခုမှမွေးကာစလေ သူတို့မိသားစု အတူရှိသင့်တာပေါ့၊ အိမ်အိမ်းက အခုဒီပဲရောက်နေပြီ နီလေး ကြိုက်တဲ့အချိန်တွေ့လို့ရတယ်လေ နော်"

သင်္ကေတ နီလေးကိုသတိပေးလိုက်သည်။ အညွှန်းကိန်းကလည်း သူ့လူကိုမျက်ထောက်နီကြီးနဲ့ကြည့်နေပြီလေ။ ဒါကိုနီလေးကပါ ခေါ်သွားမယ်လုပ်နေ၏။

"သားနေပူနေပြီ ခင်များမတက်ဘူးလား"

သားက သူ့လက်ထဲမှာရှိနေတာ။ သူစိတ်ပူပြီးကားပေါ်တက်လိုက်ရပေမယ့် သားကိုနေထိုးဖို့မပြောနဲ့နေရိပ်တောင် ကျမနေ။ တမင်သပ်သပ်လူကို မဟုတ်တာလိုက်ပြောနေတာ။ သားကလည်း သူ့လက်ထဲမှာ တစ်စက်လေးတောင်မငိုတော့ခက်နေတယ်။

"နီနီ နောက်နေ့မှတွေ့မယ်"

"အင်းအင်း နီနီလာခဲ့မယ် သားကိုလည်းလာချီအုန်းမှာ"

ကားပေါ်ရောက်မှနီနီ့ကိုလှမ်းနှုတ်ဆက်ရသည်။ အခုသူတို့ကဘယ်သွားမှာလဲ။

"ငါ မင်းအိမ်ကိုမလိုက်ချင်ဘူး"

သူ့ဘက်ကပွင့်ပွင့်လင်းလင်းပဲပြောလိုက်သည်။ သူတို့ကြားမှာဘာဆက်ဆံရေးရှိသေးလို့လဲ။ သားက သူနဲ့ရတာဆိုပေမယ့် သူတို့ကလက်ထပ်ထားတဲ့သူတွေလည်းမဟုတ်ဘူး။ ပြီးတော့ သူတို့မိသားစုကြားမှာ ဘာတွေဖြစ်ပျက်နေလည်း သူဘာတစ်ခုမှမသိဘူး။ မယစ်မူးဘွယ်နဲ့စေ့စပ်လို့ မင်္ဂလာပဲဆောင်ပြီးပြီလား။ သားက သူ့သားမှန်းသိလို့သူ့ကိုခေါ်လာတာပဲလား။ ဖြစ်နိုင်တာကတော့ သူတို့အိမ်မှာလိုက်နေဖို့ဆိုက ဘယ်လိုမှအဆင်မပြေ။

INDEX [Complete] U+ZTempat cerita menjadi hidup. Temukan sekarang