ဦးမင်းဆက်သည်ကွန်ပျူတာကိုပိတ်ကာ သွန်းမင်းနောင်ကိုထိုင်ရန်လက်ဟန်ပြလိုက်သည်။သွန်းမင်းနောင်လဲသူ၏အဖေရဲ့ဘေးက ခုံတွင်၀င်ကာထိုင်လိုက်သည်။

"မနေ့ညကရဲတွေလာသွားတယ်"

သွန်းမင်းနောင်မျက်လုံးပြူးမျက်ဆံပြာဖြစ်သွားရသည်။အိမ်ကိုရဲတွေလာတာကတစ်ကြောင်း၊အဖေကအလေးအနက်ဟန်ဖြင့် သူ့ကိုရဲတွေလာခဲ့ကြောင်းပြောနေသည်ကတစ်ကြောင်း၊သူတရားမ၀င်တာတွေဘာကိုမှမလုပ်ခဲ့ဖူးတာတော့ကိုယ့်ကိုကိုယ်သေချာသည်ပင်။

"ရဲတွေလာတာ.....သားနဲ့ဘာဆိုင်လို့တုံး"

"မင်းမနေ့ကကျောင်းမှာရန်ဖြစ်ခဲ့တယ်ဆို"

သွန်းမင်းနောင်တစ်ဖန်ထပ်ကာလန့်ဖြန့်မိပြန်သည်။သူ့မှာအနာတရတွေများရှိနေလို့အဖေသိသွားတာများလားလို့တောင်တွေးနေမိသည်။သို့‌ပေမယ့်သူတို့ထိုးကြိတ်ခဲ့တာလဲမရှိပါဖူး။အိမ်သာထဲမှာဘဲ အော်ဟစ်ရန်ဖြစ်ခဲ့တာပါ။

"အဖေဘယ်လိုသိတာတုံး"

"ရဲတွေပြောတာ မင်းနဲ့မနေ့တုံးကရန်ဖြစ်တဲ့ကောင်လေး မိုးမျိုးဆိုလားမိုးမြင့်ဆိုလား အဲ့ကလေးအသတ်ခံရတယ် တရားခံကအဲ့ကလေးအလောင်းကိုအမှိုက်ပုံးထဲသွပ်ထည့်ထားတာ စည်ပင်ကသူတွေအမှိုက်လာသိမ်းမှတွေ့တယ် ရဲတွေကစစ်ဆေးပေမယ့် တရားခံကတော်လွန်းတယ် ဘာခြေရာလက်ရာမှမကျန်ဖူး သေသွားတဲ့ကလေးရဲ့အတန်းဖော်တွေနဲ့ကျောင်းကလူတွေကို လိုက်မေးတော့ ကောင်လေးတစ်ယောက်ကမနေ့ကအိမ်သာထဲမှာ မင်းနဲ့အဲ့ကလေးနဲ့ရန်ဖြစ်ပြီးအော်ဟစ်နေကြတာသူကြားတယ်ဆိုပြီး‌ပြောတာမလို့ရဲတွေကမင်းကိုသံသယ၀င်နေကြတာ အဲ့တာကြောင့်မနေ့ကအိမ်လာပြီးစစ်သွားတာ"

သွန်းမင်းနောင်အလွန်ကိုအထိတ်ထိတ်အပြာပြာဖြစ်သွားရသည်။မနေ့ကမှအကောင်းကြီးရှိနေပြီး အတူတကွအော်ဟစ်ရန်ဖြစ်ခဲ့တဲ့သူငယ်ချင်းကအသတ်ခံလိုက်ရပြီး မဆိုင်တဲ့သူကသံသယ၀င်ခံနေရတာမို့ ပိုလို့တောင်ကြောက်လန့်လာရသည်။ထို့နောက်ဒေါ်သီမြင့်က လက်ဖက်ရည်ခွက်တွေလာချပြီး ဦးမင်းဆက်ကိုဆူငေါက်တော့သည်။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now