"ခင်များက တာဝန်မဲ့သူလား သူငယ်ချင်းအရင်းမင်္ဂလာဆောင်မှာတော့ ရှိသင့်တယ်မဟုတ်ဘူးလား"

"ဘယ်မှာလဲ ခင်များရာ"

လူတွေဖြန့်ပြီး တစ်နိုင်ငံလုံးနှံ့အောင်ရှာနေတာကို မတွေ့အောင် ခင်များဘယ်မှာပုန်းနေလဲ။ သူ့တင်မဟုတ်ပဲ နီလာမြင့်ကိုတောင်မဆက်သွယ်တဲ့သူက တစ်ခုခုတော့ ဖြစ်မနေဘူးမလား။ ဒီလိုမျိုးတွေးမိရင် သူ့ရင်ဝကပူတက်လာတာ ဘာနဲ့မှမတူ။

"မာမီ ဘယ်လိုနေလဲ အန်တီမီ"

"ကောင်းပါတယ် ဆရာကြီး တစ်နေ့တစ်နာရီ လာဆွေးနွေးပေးတယ်"

"အန်တီမီ့ကို ကျေးဇူးတင်ပါတယ်၊ မာမီ့ဘေးမှာ အန်တီမီရှိလို့တော်သေးတာ"

"သားမာမီက အတ္တကြီးတာ ခေါင်းမာတာက သူဘာလုပ်လုပ်သူမွေးထားတဲ့ သားတွေကသူ့စကား နားထောင်ရမယ်လို့ သတ်မှတ်သလိုဖြစ်သွားတာပါ"

"ကျွန်တော်နားလည်ပါတယ်"

"ဟိုကလေးကိုရော ရှာတွေ့လား"

"သူ့အပေါ် ဒီမိသားစုကလူတွေ ဒုက္ခပေးထားတော့ မမြင်ဘူးထင်ပါတယ်၊ ဘယ်လိုရှာရှာ ရှာမရဘူး အဟင်း!"

နာကျင်နေတဲ့အသံကိုဒေါ်မီမီခိုင်ခံစားမိနေသည်။ ကလေးတွေကသူမတို့ထက်ပိုလုပ်နိုင်နေတာပဲ။ ဒါကိုရှာမတွေ့ဘူးဆိုထဲက တစ်ဖက်က လူမြင်ကွင်းကို လုံးဝထွက်မလာလို့ မဟုတ်လား။

"မာမီ့ကိုစောင့်ရှောက်ပေးပါအုန်း အန်တီ"

"စိတ်ချသား သားက လုပ်စရာရှိတာလုပ်နော်"

မာမီ့ကိုဆရာကြီးနဲ့ဆွေးနွေးဖို့ သူတော်တော်ကြိုးစားရသည်။ အခုတော့ မာမီကအပြင်ကိုသိပ်မထွက်ပဲ တစ်နေရာထဲကိုငေးကြည့်နေတတ်သည်။ သူ့ကိုမြင်ရင်လည်းစကားမပြောပဲ မျက်နှာလွှဲသွားသည်။

ကုတ်ကိုဆွဲချွတ်ကာ ဆိုဖာပေါ်ပစ်တင်လိုက်ပြီး တံပင်တွေကိုလက်နဲ့ထိုးဖွက တစ်ယောက်သောသူထားခဲ့တဲ့ဖုန်းကိုဖွင့်ကြည့်လိုက်သည်။ သူ့မှာ အလွမ်းဖြေစရာဆိုလို့ ဒီပုံတွေပဲရှိသည်။ ဒါတောင် သူထားခဲ့လို့ပေါ့။ နောက်ကနေသူဖက်ထားတော့ သူ့ရင်ခွင်ထဲမြုပ်နေပြီး ဆံပင်တွေလွင့်ကာ သွားတွေပေါ်အောင်ရယ်နေတဲ့ ဒီပုံကသူတို့ရဲ့နောက်ဆုံးရိုက်ထားတဲ့ပုံဖြစ်နေတာ။ သူ့ရဲ့ညအိပ်ရာဝင်ချိန်တွေက ဒီပုံကိုကြည့်ရင်းနဲ့ပဲကုန်ဆုံးနေတော့သည်။

INDEX [Complete] U+ZWhere stories live. Discover now