"အိမ်အိမ်းကိုရှာပေး"
"ရှာပေးမယ် ဟုတ်ပြီလား မငိုတော့နဲ့"
"အိမ်အိမ်းကိုမတွေ့ရင် မင်္ဂလာမဆောင်ဘူး"
အဲ့ဒါသာကြည့်။ သူ့ကိုခြိမ်းခြောက်တာ။ နီလေးစကားကိုကြားကာ ဦးနဲ့အန်တီက ရယ်နေတော့သည်။ သူတို့ရဲ့အဖိုးတန်သမီးလေးက အိမ်အိမ်းကိုအရမ်းချစ်တာကို။
"သူ အိတ်က ဘယ်မှာလဲ"
"နီလေး အခန်းထဲမှာ ကိုယ်လိုက်ပြမယ်"
သူသွားကြည့်လိုက်သည်။ ဟိုဘက်ကထွက်လာတော့ ဘာတွေယူခဲ့လဲ။ အခုဒီကနေ ဘယ်ကိုထွက်သွားတာလဲ။ ဘာတွေထားခဲ့လဲ။ သူဝင်ကြည့်လိုက်တော့ အဝတ်အိတ်ကိုသပ်သပ်ရပ်ရပ်ထားခဲ့တာဖြစ်ပြီး လိုအပ်တာပဲယူသွားပုံရသည်။ ဖုန်းကိုလည်းထားခဲ့သည်။ ခဏ စိတ်ဖြေဖို့သွားတာဖြစ်ပါစေလို့ပဲ သူ့စိတ်က ဆုတောင်းနေမိသည်။
"ပြည့်ဖြိုး"
...
"လူစုံစမ်းဖို့ ဘယ်သူ့ကိုငှားရင်ရမလဲ မာမီမသိတာ ပိုကောင်းမယ်"
...
"ဟုတ်ပြီ ပုံပို့လိုက်မယ့် သူ့ကိုရှာခိုင်းလိုက်၊ လိုသလောက်ပေးမယ်လို့ ပြောလိုက်"
ပြည့်ဖြိုးကိုအလုပ်လှမ်းပေးရသည်။
"သူ့ ရွာပြန်သွားတာ ဖြစ်နိုင်လား"
"သွားရှာကြည့်ရမှာပေါ့"
သင်္ကေတမှာ ဝင်္ကပါအိမ်ရဲ့ကိုယ်ရေးရာဇဝင်ကိုချက်ချင်းပို့ခိုင်းရသည်။ ကိုယ်ရေးရာဇဝင်ထဲမှာလည်း တိုင်းပဲရေးထားပြီး ရပ်ရွာတွေမပါပေ။
"အိမ်အိမ်းက ရွာပြန်မှာမဟုတ်ဘူး ရွာမှာဆို အိမ်အိမ်းကို နှိမ်ကြလို့"
ငိုနေရင်းနဲ့နီလေးက ထပြောလာပြန်သည်။ နီလေးက သူငယ်ချင်းဖြစ်သူကိုချစ်လားမချစ်လား အဲ့လိုတွေကအစလိုက်မေးထားတာနေမှာ။
"နီလေးက အရမ်းမငိုနဲ့နော် ကိုကို အိမ်အိမ်းကိုတွေ့အောင်ရှာပေးမယ်နော်"
"အင်း"
သင်္ကေတ နီလေးပုခုံးကိုဖက်ပြီး ပတ်သပ်ကာနားဝင်အောင်ပြောရသည်။ အညွှန်းကိန်းကတော့ ဝင်္ကပါအိမ်ရဲ့အဝတ်အိတ်ကိုပြန်သယ်ဖို့လုပ်နေသည်။
Part 18
Mulai dari awal
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)