"ငါ သားနောက်ကို လူတွေလွှတ်လိုက်မယ်"

ဖုန်းကိုကောက်ကိုင်ကာ ဆက်ဖို့လုပ်နေတာကြောင့် မီမီခိုင် ဖုန်းကိုဆွဲယူပစ်လိုက်ရသည်။

"မေမိုး သားကြီးတုန်းက အဲ့လိုလွှတ်ပြီး ပြန်ခေါ်ခိုင်းလို့ ဘာဖြစ်သွားလဲ နင်မသိလို့လား"

အဲ့တော့မှသူမကိုမျက်လုံးပြူးပြီးကြည့်လာတော့သည်။

"ဟုတ်တယ် သားငယ်ကို သားကြီးလိုထပ်မဖြစ်စေချင်ဘူး မလုပ်ရဘူး၊ သားငယ်ကိုတခြားနည်းနဲ့ပဲ ထိန်းမှဖြစ်မယ်"

မေမိုးက သားငယ်လေးကိုလွှတ်ထားဖို့ပြောပေမယ့်မတူညီတဲ့ပုံစံနဲ့ထိန်းချုပ်ဖို့ကိုစဉ်းစားနေသည်။ အပြင်ထွက်သွားတဲ့ သားငယ်အညွှန်းကိန်းကရော ဘာကြောင့်အလောတကြီးထွက်သွားရတာလဲ။

"ဘယ်တုန်းထဲက မရှိတာလဲ"

"ညက ရှိတယ် ကိုကို၊ နီလေးနဲ့ စကားတွေအများကြီးပြောသေးတယ်၊ မနက်က ၃ နာရီတရေးနိုးတော့တောင် ရှိသေးတာကို ကိုကို အိမ်အိမ်းကိုရှာပေး"

နီလေးက ဝင်္ကပါအိမ်သူ့ဘေးမှာမရှိတော့ဘူးဆိုထဲက ငိုနေတာ။ အခုတော့ အညွှန်းကိန်းပါ ရောက်လာတာဖြစ်သည်။

"သူ ဘယ်သူ့တွေဆီ သွားတတ်လဲ"

"မရှိဘူး ဆိုင်မှာခင်တာလဲ ဒီလူပဲ၊ နေအုန်း မဝေဆီ ဖုန်းဆက်ကြည့်အုန်းမယ်"

သူ ရင်ပူနေတာပဲသိတော့သည်။ ငယ်ငယ်လေးထဲက သူ့ဘဝမှာ ဒီလိုမျိုးရင်မပူဘူးသလို ဘယ်သူ့ကိုမှလည်း မစိုးရိမ်ဖူးဘူး။ အခုက နေ့မြင်ညပျောက်ဖြစ်သွားသလို ဝင်္ကပါအိမ်ကို ဘယ်မှာသွားရှာရမှာလဲ။ နီလာမြင့်ကလည်း ငိုယိုနေသည်။

"ကိုကို ဘာပြောလဲ ဟင်"

"မလာဘူး သူတို့အားလုံးကို ဆက်သွယ်လာတာမရှိဘူးတဲ့"

"အီးဟီး အဲဒါနင့်ကြောင့် နင့်ကြောင့် ငါ့အိမ်အိမ်းကတောက်လျှောက်ငိုနေတာ နင့်ကြောင့် နင်တို့မိန်းမယူမယ်ဆိုလည်း ယူပါလား၊ ဘာဖြစ်လို့အိမ်အိမ်းကို ဒီလိုတွေလုပ်ရတာလဲ"

"နီလေး ကိုကို ရှာပေးမယ် မငိုတော့နဲ့နော်"

နီလေးကို သူထိန်းလိုက်ရသည်။ နီလေးက အညွှန်းကိန်းက လက်ညှိုးထိုးပြီးကိုပြောဆိုနေတာ။ နီလေးတောင် ဒီလိုခံစားနေရတာ အတွင်းကျကျပတ်သက်ခဲ့တဲ့သူတွေကရော ဘယ်လိုခံစားနေရမလဲ။

INDEX [Complete] U+ZWhere stories live. Discover now