အခန်းထဲမှာ တောင်လျှောက်မြောက်လျှောက်နေရင်း ဖုန်းစက်ဖွင့်လိုက်တော့ သင်္ကေတ ဖုန်းတွေခေါ်ထားတာကို သိလိုက်ရသည်။ ဒါကို ခဏထားပြီး သူ ယစ်မူးဘွယ်ကို ဖုန်းအရင်ဆက်ဖို့လုပ်ရသည်။
"ကျွန်တော်က မာမီ့ကိုယ့်စား တောင်းပန်ပါတယ် ယစ်မူးဘွယ်"
....
"ကျွန်တော်တို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ယစ်မူးဘွယ်ကို တစ်ရှက်ကနှစ်ရှက်မဖြစ်စေချင်ဘူး"၏
.....
"ကျွန်တော် မိန်းကလေးတွေကို ချစ်လို့မရဘူး"
....
"အဲ့ဒါက မာမီ သူ့ကိုဒုက္ခပေးမှာဆိုးလို့ ပြောလိုက်ရတာပါ"
....
"ယစ်မူးဘွယ်တို့ဘက်ကပဲ ဒီကိစ္စကိုဖျက်လိုက်ပါ"
.....
"မဖျက်ရင်တော့ ထပ်အရှက်ကွဲဖို့ဖြစ်လာမှ ကျွန်တော်နဲ့ရှေ့ဆက်ဖို့က ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"
သူ ဖုန်းချပစ်လိုက်သည်။ သူတို့ဘက်က ဒီကိစ္စကိုမပါဝင်နိုင်လို့ဆိုတဲ့ သတင်းထွက်ရင် အစ်ကိုနဲ့တုန်းကလည်း သတင်းထွက်ခဲ့တဲ့ ယစ်မူးဘွယ်အတွက် မကောင်းနိုင်တာကြောင့် သူတို့ဘက်ကပဲ ဒီပွဲကိုဖျက်ပေးဖို့ သူတောင်းဆိုလိုက်တာ။
"သင်္ကေတ"
....
"ဘာ!"
ကျစ်!
ဖုန်းကိုအလောတကြီးထကာ သူအပြင်ထွက်ဖို့လုပ်လိုက်သည်။
"အညွှန်းကိန်း မင်းဘယ်ကိုလဲ"
"အပြင်"
"မင်း မသွားရဘူး"
"မာမီ ဘာဖြစ်နေတာလဲ မာမီ ငြိမ်ငြိမ်လေးနေ အန်တီမီမီ မာမီ့ကိုကြည့်ပေးထားပါ"
"အင်း သားလေး သွားသွား"
သူမကတော့ သူများမိသားစုကို ဘာလုပ်ပါညာလုပ်ပါ မပြောချင်။ ကိုယ်တတ်နိုင်တဲ့ ကိစ္စဆို အကြံဉာဏ်ပေးလိုက်မယ်။ မေမိုးက ဒေါသတွေကြောင့်မျက်နှာတွေနီရဲနေသည်။ အမှန်တော့ မေမိုးနဲ့သားငယ်လေးရဲ့စိတ်ဓါတ်က တထပ်ထဲ။ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်လုပ်ကြတဲ့လူမျိုးတွေ။ အဲ့လိုလူနှစ်ယောက်တွေ့တော့ တည့်ဖို့မဖြစ်နိုင်တော့။ အခုလည်း သားငယ်လေးက အလောတကြီးနဲ့ အပြင်ထွက်သွားသည်။
Part 18
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)