"မီမီရယ် သားလေးကပါ ဟိုကောင်နဲ့ပတ်သက်နေတယ်၊ သားနှစ်ယောက်လုံးက ငါ့အသည်းကိုခွဲဖို့များလား"
"ငါ ဘယ်လိုမှသဘောမကျပေးနိုင်ဘူး၊ သားကို ယစ်မူးလေးနဲ့အမြန်ဆုံးလက်ထပ်ပေးမယ်"
"မေမိုး"
"မီမီရယ် ဒီခံစားချက်ကိုနင်မသိပါဘူး၊ သားကြီးတုန်းကလည်း သဘောမကျပါဘူးဆိုတာကို လက်မခံဘူး၊ ငါ သားငယ်လေးကို သူ့စိတ်တိုင်းကျနေခွင့်ပေးနိုင်ပေမယ့် ဒီကိစ္စကတော့ မဟုတ်သေးဘူးလေ"
"အဲ့ဒိကလေးက ဒီရောက်နေတာကြာပြီလား"
"ငါမသိဘူး သိလည်းမသိချင်ဘူး၊ ငါ့သားကို မပေးနိုင်ဘူး"
မေမိုးနဲ့လည်းခက်တယ်။ သားနှစ်ယောက်နဲ့လည်းခက်တယ်။ သားငယ်လေးကလည်း အစ်ကိုနဲ့ဒီကလေး ပတ်သက်လို့ မိသားစုထဲဒီလိုဖြစ်သွားတာ သိသိရဲ့နဲ့ဘာကြောင့်များ သွားပတ်သက်ရတာလဲ။
>>>>>>>>>
<<<<<<<<<
အညွှန်းကိန်းမျက်နှာက လုံးဝမှုန်ကုတ်နေသည်။ အခု သူတို့အိမ်မှာ တစ်ဖက်မိသားစုရောက်နေတာဖြစ်ပြီး လူကြီးတွေက သူတို့ကိစ္စကိုတိုင်ပင်နေသည်။ မာမီက လုံးဝပြောမရပေ။
"မာမီ!"
"အင်း သမီးယစ်မူးလေး သားနဲ့စကားပြောအုန်းလေ သမီးလေးရော ဘယ်လိုဖြစ်စေချင်လဲ"
ကျစ်!
"ကျွန်တော်နဲ့စကားပြောရအောင် မာမီ"
"အညွှန်းကိန်း!"
"မပြောလို့မရဘူး မာမီ"
"ဟို အန်တီ သမီးအထင် အညွှန်းကိန်းနဲ့စကားအရင်ပြောတာက ပိုကောင်းမယ်ထင်တယ်"
ယစ်မူး သားအမိနှစ်ယောက်ကြားကဝင်ပြောလိုက်သည်။ ဖေဖေတော့ပါမလာပဲ မေမေနဲသူမ ဒီဘက်ကိုလာခဲ့တာဖြစ်သည်။ ရောက်တာနဲ့ အန်တီက သူတို့မင်္ဂလာကိစ္စကိုစကားစနေသည်။ သူမကတော့ သဘောကျတာပေါ့။ ဒါပေမယ့် သူတို့သားအမိနှစ်ယောက်ကြားမှာ စကားများထားပုံရတာကြောင့် သူမ ကြားကဝင်ဖျန်ဖြေလိုက်သည်။
"မင်း ဘာပြောမလို့လဲ"
သူမ အခန်းထဲမှာ သားကသူမနဲ့အတူရှိနေသည်။
Part 17
Начните с самого начала
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)