"မဟုတ်သေးဘူး မာမီ"

"အဲ့ဒိတစ်ယောက်နဲ့ပတ်သက်ပြီး မင်းဘက်ကရှေ့ဆက်တိုးမယ်ဆိုရင် ငါ့သေသွားလိမ့်မယ် အညွှန်းကိန်း၊ မင်းကိုငါ ဘာမှမချုပ်ချယ်ခဲ့ဘူး၊ မင်း ဘာဖြစ်လို့ ငါ့အပေါ် ဒီလိုလုပ်ရက်တာလဲ"

"ငါ့သားတွေက ငါ့ကိုပဲဆန့်ကျင်ပြီး ငါသေအောင်လုပ်နေတာလား"

"ငါ့ကိုမြန်မြန်သေစေချင်တာလား"

"မာမီ စိတ်ထိန်း!"

မာမီက ပြောရင်းနဲ့ငိုကာ သတိလစ်သွားတော့သည်။

"ဟေ့ တစ်ယောက်လာအုန်း"

အိမ်ကလူတွေကိုသူအော်ခေါ်လိုက်ရသည်။ မာမီ သတိလစ်သွားတာကြောင့် ဆရာဝန်ခေါ်ဖို့လိုသည်။ ကြီးကြီးရီက ဆရာဝန်ကိုဖုန်းဆက်ခေါ်ပေးတဲ့အပြင် မာမီသူငယ်ချင်း အန်တီမီမီကိုလည်း လှမ်းခေါ်လိုက်သည်။ သူနဲ့မာမီကြားမှာဖြစ်ပျက်သွားတာကို ဘယ်သူမှမသိလိုက်။

"သား သားမာမီ ဘာဖြစ်သွားတာလဲ"

"ကျွန်တော်နဲ့စကားများပြီး ဖြစ်သွားတာ အန်တီမီ"

"ခက်တာပဲကွယ် မေမိုးကလည်း စိတ်လေးဘာလေးလျော့မှပေါ့"

အန်တီမီမီက မာမီ့ဘေးမှာနေကာ ချွေးလေးတွေသုတ်ပေးရင်းပြောနေသည်။ မာမီ ဒီလောက်အထိ ဖြစ်သွားမယ်လို့သူ မထင်မိ။ ဒေါ်မီမီမှာ မရီရီဖုန်းဆက်ပြီးပြောတာနဲ့ချက်ချင်းထွက်ခဲ့ရတာ။ သားနဲ့အမေနဲ့စကားများပြီး မေမိုးသတိလစ်သွားတယ်ဆိုတော့ သူတို့မှာ ကိစ္စကြီးဖြစ်လို့ဆိုတာ သူမသိလိုက်သည်။

"ကျွန်တော် အခန်းခဏပြန်လိုက်အုန်းမယ် အန်တီ"

"အင်း သွားသွား အန်တီ သားမာမီကို ကြည့်ထားလိုက်မယ်၊ သားလုပ်စရာရှိတာလုပ်နော်"

သူအခန်းကိုခဏပြန်လိုက်သည်။

"မာမီ မေ့လဲသွားလို့ အခုလောလောဆယ် မလာနိုင်သေးဘူး"

......

"နောက်မှ ဆက်သွယ်လိုက်မယ်"

ကျစ်!

ဖုန်းဆက်ပြောလိုက်ရသည်။ ဒီနေ့အပြင်ကိုလျှောက်လည်ပြီး ခဏကြည်နူးခဲ့တာတောင် ဘယ်လိုဖြစ်သွားလည်းမသိ။ စိတ်ညစ်နေရင်း ဒီနေ့သူတို့လုပ်ခဲ့တဲ့ကိစ္စကို သတိသွားရတော့ သူ့မျက်နှာက ပြုံးသွားမိ၏။ နောက်ထပ်သိလိုက်ရတာက သူ ဝင်္ကပါအိမ်ပေါ်မှာ စိတ်ရှိနေတယ်ဆိုတာပါပဲ။

INDEX [Complete] U+ZWhere stories live. Discover now