ညကအရှိန်နဲ့နေရာမနက်က ဆက်ဖြစ်သွားတာနဲ့ရောပေါင်းက သူနေလို့မကောင်းချင်တော့ပါ။ အတွင်းကဘာမှမဝတ်နိုင်သလို ထိုင်ရင်လည်းနာနေကာ အတွင်းကနေရခက်နေသည်။ အခုထိလည်း မောင့်အခန်းထဲ မထွက်ရသေးပေ။

"ခင်များ နောက်တစ်ခါ အဲ့လိုမိတ်ကပ်လိမ်းကြည့် တွေ့တဲ့နေရာမှာ လုပ်ပစ်မယ်"

"ရူးနေလား မင်းမှာ အရှက်မရှိဘူးလား"

"အရှက်ရှိလား မရှိလားသိချင်ရင် ခင်များလိမ်းကြည့်လေ"

"လိမ်းတာ ဘာဖြစ်လဲ ကိုယ့်ပါကိုယ်ကြိုက်လို့လိမ်းတာ"

"ဘာပြောတယ် ခင်များ!"

ကုတင်ပေါ်မှာထိုင်ကာသူ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေတဲ့ ဒီလူ။ ဘယ်တုန်းကသူ့ကိုဒီလိုမျိုး ပြန်ပြောလို့ရလဲ။

"ခင်များ ကျုပ်မရှိတုန်း လင်ရှာနေတာလား လာခဲ့ ခင်များ!"

"မောင် မလုပ်နဲ့!"

ကုတင်ပေါ်ကိုလွှားကနဲတက်လာတဲ့မောင်က သူထိုင်နေတာကိုလှဲချပြီး သူ့အပေါ်ခွကာ အကြမ်းမရမ်း နှုတ်ခမ်းတွေကို နမ်းစုပ်တော့သည်။ မသိရင် ကိုက်ဖြတ်တော့မယ့်အတိုင်း။

ဟင့်!

ရုန်းနေတဲ့သူကငြိမ်ကာ ငိုသံထွက်လာတာကြောင့် သူရပ်ပေးလိုက်ကာကြည့်လိုက်သည်။ သူ့ကိုပြန်မကြည့်ပဲ မျက်ရည်ကျပြီး မျက်နှာကိုတစ်ဖက်လှည့်ပစ်၏။ နှုတ်ခမ်းကလည်း မဲ့ကျနေ၏။ မနေ့က လူတစ်ယောက်ဘေးမှာ အလှပြင်ပြီးထိုင်နေတာကို မြင်လိုက်ထဲက ဒီလူ့ကိုဆုံးမချင်နေတာ။ သူ တစ်ယောက်လုံးမရှိတာကို အလှပြင်ပြီးတခြားသူဘေးမှာသွားထိုင်နေရတယ်လို့။ အလှပြင်ထားရုံတင်မဟုတ်ပဲ cross top ကကြိုးမျှင်မျှင်က ဂုတ်ကိုသိုင်းပြီးဝတ်ထားသေးတာ။ သူ့ကိုသူ ဟုတ်လှပြီထင်နေတာ။

"ခင်များ နောက်တစ်ခါ အဲ့လိုတွေဝတ်ကြည့် ကျုပ်ပြောတဲ့အတိုင်း မလုပ်ရင် ကြိုက်သလိုပြော!"

"မောင်ပဲ စိတ်ဆိုးတတ်တာလား"

"ဘာဖြစ်တယ်!"

"မောင် မန္တလေးသွားနေတဲ့အချိန်တုန်းက အိမ်အိမ်းဆီ ဖုန်းတစ်ခါဆက်ခဲ့လား"

INDEX [Complete] U+ZWhere stories live. Discover now