မန္တလေးသွားတုန်းက အညွှန်းကိန်းနဲ့သူမ စကားတော်တော်ပြောဖြစ်ခဲ့တယ်။ အညွှန်းကိန်းဘက်က အများကြီးပြောလာတာမရှိပေမယ့် သူမဘက်ကပဲစပြီး တစ်ခုပြီးတစ်ခုပြောခဲ့တာ။ အရင်ကထက်တော့ အညွှန်းကိန်းက စကားပြောလာပါတယ်။ သူမမေးတာကိုလည်းဖြေပေးသလို သူမဘက်ကိုစပြီး မေးလာတာတွေလည်း ရှိလာတယ်။ ဒါကပဲ အညွှန်းကိန်းနဲ့သူမ အကြားတိုးတက်လာတဲ့ဆက်ဆံရေးလို့ ပြောရမှာပင်။ နေ့လည်ပိုင်းရောညပိုင်းရော သူမနဲ့အတူထမင်းစားတယ်။ သူမ အပြင်သွားရမယ့်ကိစ္စရှိလို့ အကူအညီတောင်းရင် အချိန်မရွေးလိုက်ပို့တယ်။ ချစ်သူရည်းစားတစ်ယောက်က သူ့ကောင်းမလေးကို ဂရုတစိုက်ရှိသလို မဟုတ်သေးပေမယ့် ဒါကအညွှန်းကိန်းရဲ့တိုးတက်လာတဲ့ အရည်အချင်းတွေလို့ ပြောရမှာပေါ့။ အရင်တုန်းကဆို ကိုယ်အများကြီးမေးမှ တစ်ခွန်းလောက်ဖြေတာဆိုတော့ အခုကတော့ တိုးတက်လာတယ်လို့ပဲ သတ်မှတ်ရမှာ။

"သားက သမီးလေးအပေါ်ရော ဂရုစိုက်ပေးရဲ့လား"

"စိုက်ပါတယ် အန်တီ"

အညွှန်းကိန်းပုံစံက လူတစ်ယောက်ကိုဘယ်လိုဂရုစိုက်ရမလဲ မသိပေမယ့်စစသိတုန်းကပုံလိုမျိုးဆိုရင် သူမဘက်ကိုဘာမှငဲ့ကြည့်မယ့်ပုံမှမပေါက်ပဲ။ ပြီးတော့ သူမနဲ့ပတ်သက်ပြီးအန်တီလည်းတစ်ခုခုပြောထားပုံရတယ်လို့ သူမထင်သည်။ သူမ ကုန်တိုက်သွားဖို့လိုတာတို့ တခြားကိစ္စတွေရှိတာဆို ပြောလိုက်ရင်အငြင်းပဲ လိုက်ပို့သည်။

>>>>>>>>>>
<<<<<<<<<<

"ဟင်း...မောင် ခဏဖယ်အုန်း"

သူ့အသံတွေကအက်နေကာ နောက်ကနေအတင်းချုပ်ဖက်ထားသလိုဖြစ်နေတဲ့ မောင့်လက်တွေကိုဆွဲဖယ်လို့လည်းမရဖြစ်နေသည်။ ညက သူ့ကိုမောင် ပြဿနာတွေတောက်လျှောက် ရှာနေတာ။ သူ အလှပြင်လို့တဲ့လေ။ အစ်ကိုနဲ့နီနီ့ပွဲမှာထဲက သူ့ကိုမကြည်ကြည့်နဲ့ကြည့်နေတာသူသိသည်။ ဒါပေမယ့် သူအရင်ထဲကနည်းနည်းတော့ပြင်ပါတယ်။ အခုက ပြောင်ပြောင်လေးဖြစ်အောင်လုပ်လိုက်တာရယ် အဝတ်အစားတွေရယ်ပေါင်းလိုက်တော့ မောင်ပြဿနာရှာစရာဖြစ်သွားတာနေမှာ။ ဟိုကပြန်ရောက်ထဲက သူ့မျက်နှာလိမ်းထားတဲ့ မိတ်ကပ်တွေကို သူ့လက်ဝါးအကြီးကြီးနဲ့ပွတ်ချပြီး ဒါတွေဘာလုပ်ထားတာလဲဆိုပြီး လုပ်သေးတာ။ မျက်နှာတစ်ပြင်လုံးမှာရှိတဲ့ မိတ်ကပ်တွေကို အတင်းအကြပ်လိုက်ဖျက်တာဖြစ်ပြီး သူနာလို့ငိုမှ ရပ်ပေးတာ။ ပြီးတာနဲ့ သူ့စိတ်တိုင်းကျမျက်နှာကိုချက်ချင်းသွားသစ်ပေးရသေးတာ။ ပြီးတာနဲ့ မလုပ်ရတာ တစ်လလောက်ကြာသွားတယ်ဆိုပြီး သူ့ကိုကုတင်ပေါ်ချက်ချင်းဆွဲတင်တော့တာဖြစ်ပြီး သူတောက်လျှောက်အော်ဟစ် ငိုခဲ့ရသေးတာဖြစ်ကာ အခုတော့ အသံတွေအက်နေပြီဖြစ်သည်။

INDEX [Complete] U+ZWhere stories live. Discover now