ယစ်မူး အန်တီမေမိုးနဲ့အတူအပြင်ထွက်သွားလိုက်ကာ ကားဆီလိုက်ပို့ပေးလိုက်သည်။
"အန်တီ အညွှန်းကိန်းကို အရမ်းတော့သွားမပြောပါနဲ့ တော်ကြာစိတ်ညစ်သွားအုန်းမယ်၊ ယစ်မူးစောင့်ရလည်း အဆင်ပြေပါတယ်"
"သမီးလေးကို အားနာရပြီ"
"မဟုတ်တာအန်တီရယ်၊ ဒီလူနဲ့ဒီလူ ပြောစရာမှမလိုတာ သမီးလည်း အညွှန်းကိန်းနဲ့ရင်းနှီးမှု လိုချင်ပါသေးတယ်"
ဒေါ်မေမိုး သမီးယစ်မူးလေးကိုကြည့်ကာပြုံးလိုက်မိသည်။ သမီးလေးယစ်မူးက တကယ်သဘောကျဖို့ကောင်းတဲ့ ကလေး။ သူမကိုယ်တိုင်လည်း သားနဲ့သမီးကို အမြန်ယူစေချင်ပြီး မြေးလေးတွေလိုချင်နေတာပဲ။ ဒါပေမယ့် သူမစကားတောင်နားထောင်တဲ့သားကြီးတုန်းက သူမ စကားကိုနားမဝင်ခဲ့တာဆိုတော့ သားငယ်လေးကိုသူမ အတင်းအကြပ်မလုပ်ပဲ ဖြည်းဖြည်းချင်းပြောပြီး ဖြည်းဖြည်းချင်းသွားဖို့စိတ်ကူးထားသည်။
"မာမီ အဲ့ဒိမိသားစုနဲ့ ဒီလိုမျိုး မကြာခဏ ထမင်းစားဖို့လိုလို့လား"
တိတ်ဆိတ်နေတဲ့ကားပေါ်မှာ သားဆီက အမေးစကားထွက်လာတော့၏။
"အင်း မာမီတို့အိမ်ရောက်ရင် စကားပြောကြမယ်လေ"
သားအမေးစကားကသူမပြောဖို့အခွင့်အရေး ရသွားတော့သည်။ သားကို ဒီလိုအချိန်ပြောမှ အဆင်ပြေတော့မှာ။
"ဘာပြောမလို့လဲ မာမီ"
"အင်း သားအစ်ကိုကြီးနဲ့သမီးလေး ယစ်မူးကိစ္စက သားသိပြီးသားနေမှာပါ"
အဲ့ဒိကိစ္စသူ့ပြောဖို့ လိုလို့လား။
"မာမီတို့မိသားစုနဲ့သူတို့မိသားစုဆိုတာ နှစ်အိမ့်တစ်အိမ့်နေနေတာ"
"အခု သားကြီးနဲ့ယစ်မူးလေးကိစ္စက ဒီလိုဖြစ်သွားတော့ မာမီတို့လူကြီးတွေက သမီးလေးယစ်မူးကို အခုသားငယ်လေးနဲ့ဖြစ်စေချင်တယ်"
"ဒါကလည်း မာမီတို့လူကြီးတွေက အချိန်ယူပြီးစဉ်းစားရတယ်၊ သားကြီးနဲ့ကိစ္စမှာ သမီးလေးယစ်မူးက အပျိုလေးတန်မဲ့နဲ့ အများကြီးထိခိုက်ခဲ့ရတယ်လေ"
Part 14
Depuis le début
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)