"သမီးလေးကို ဂရုစိုက်ပေးရမယ်နော်သား၊ သား ပါတော့ သမီးလေးကို မာမီတို့ကစိတ်ချရတာ"
"အရင်တုန်းကရော ဘယ်လိုသွားလဲ"
အညွှန်းကိန်းဒါကိုတကယ်သိချင်လို့ကိုမေးလိုက်တာဖြစ်သည်။ အလုပ်လုပ်ပါတယ်ဆို ခရီးထွက်ရင်လည်းထွက်ရမှာပေါ့။ အရင်တုန်းကရော ဘယ်လိုသွားလဲ။ သူသိချင်လို့ကို တမင်မေးလိုက်တာဖြစ်သည်။ သူမေးလိုက်တာနဲ့ ယစ်မူးဘွယ်ရဲ့ အမေက မျက်နှာပျက်သွားကို သူကလည်း မြင်ဖြစ်အောင်မြင်လိုက်သေးတာဖြစ်သည်။
"အရင်တုန်းကသွားရင်လည်း ကိုသော်ဝေကိန်းနဲ့သွားရတာပဲလေ၊ သူဆိုလည်း စိတ်ချရတယ် ယစ်မူးဆို ကိုသော်ဝေနဲ့သွားရရင် သဘောအရမ်းကျပဲ သူကမိန်းကလေးတွေ ဘာလိုလဲ အားလုံးသိတယ်"
အဲ့ဒါနဲ့ပဲသူကဘာလုပ်ပေးရမှာလဲ။ အစ်ကိုလုပ်ပေးတာနဲ့ပဲ သူကလုပ်ပေးစရာလား။ အဓိပ္ပာယ်မရှိတာ။ ဒီကပြန်ရင် မာမီ့ကိုလည်း ဒီလိုထမင်းအတူတူစားနေရတဲ့ ကိစ္စကိုမေးဖို့လည်း စဉ်းစားထားသည်။
"ပြီးပြီမလား မာမီ၊ ကားပေါ်မှာစောင့်မယ်"
သူအရင်ထသွားလိုက်သည်။ ဒီလိုဝိုင်းတွေမှာ မနေချင်။
"မမေမိုး သားလေးကို သမီးလေးနဲ့ကိစ္စကို အသိပေးလိုက်ပြီလား"
"သားကို ကျမပြောမှာပါ၊ သားငယ်က သားကြီးနဲ့မတူတော့ စကားပြောရတာ သတိထားရတယ်၊ မေမိုး ဒီရက်ပိုင်း ပြောမှာပါ မဘွယ်မှူး"
"အင်း ကလေးတွေကိစ္စကို မြန်မြန်လေး စီစဉ်တာကောင်းမယ်ထင်လို့လေ၊ ပထမသားကြီးလေးနဲ့တုန်းကလည်း သမီးလေးက နာမည်ထွက်သွားတာဆိုတော့"
"အခုလည်း ကလေးနှစ်ယောက်ကိုအပြင်မှာ ပြောဆိုနေကြတာတော့ အကြာကြီးအချိန်မဆွဲချင်ဘူး"
"မေမိုးနားလည်တာပေါ့ အစ်မရယ်၊ မေမိုးလည်း သားနဲ့သမီးလေးကို ဖြစ်စေချင်နေပါပြီ၊ မြေးလေးတွေလည်း ချီချင်နေပြီ၊ မေမိုး မြန်မြန်ပြောမှာပါ"
"အင်း ကလေးတွေမြန်မြန်လက်ထပ်လိုက်ရင် ကောင်းမယ်"
"မေမေ သွားကြရအောင်လေ အန်တီ သွားမယ်လာ"
Part 14
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)