>>>>>>>>>>>>>>
<<<<<<<<<<<<<<
"မန္တလေး ပရောဂျက်က ဘယ်တော့စမှာလဲ သား"
"နောက်တစ်ပတ် မာမီ၊ အကြောင်းရှိလို့လား"
အလုပ်ကိစ္စကို သားအမိနှစ်ယောက်ထဲရှိချိန်မှ မမေးပဲ ယစ်မူးဘွယ်တို့အိမ်ဘက်နဲ့ နေ့လည်စာအတူစားတဲ့အချိန်ကြမှ ပြောလာသည်။ ပြောလို့ပြောတာမဟုတ်ပေမယ့် အစ်ကိုနဲ့တုန်းက ဒီလိုမျိုးထမင်းအတူတူစားကြတာလားမသိပေမယ့် အခုတော့ ထမင်းအတူတူစားတာတွေက စိတ်နေသလိုပင်။ သူကတော့ သိပ်သဘောမကျပေ။ ဒီလိုမျိုး ခဏခဏထမင်းအတူစားရအောင်လည်း မိသားစုမှ မဟုတ်တာ။
"သမီး ယစ်မူးလေးပါ အဲ့ဒိပရောဂျက်ကိုလိုက်ရမှာဆိုတော့ မှာသင့်တာမှာရမယ်လေ သား"
တစ်ဖက်ကမိသားစုက သူတို့သမီးလေးနဲ့ကိစ္စကိုသူမကိုပြောထားပေမယ့် သူမကသားဖြစ်သူကို ဒီကိစ္စနဲ့ပတ်သက်ပြီးမပြောရသေးပေ။ သားအခြေအနေကိုလည်းကြည့်ရသေးတာဖြစ်သည်။ အခုနောက်ပိုင်းသားက အိမ်မှာပြန်မအိပ်တာများနေသလို သူမ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမေးမြန်းတာတွေ မလုပ်သေး။ အခြေအနေကိုစောင့်ကြည့်နေတာဖြစ်ကာ PA ကောင်လေး ပြည့်ဖြိုးကိုမေးတော့လည်း ချစ်သူရည်းစားလည်းမရှိဘူးလို့ဆိုသည်။ တစ်ခုရှိတာက သားကြီးသော်ဝေကိန်းတုန်းက ဘာလုပ်တယ်ဆိုတာကအစ ပြည့်ဖြိုးကိုမေးလိုက်ရင် သူမအားလုံးပြန်သိရပြီး သားငယ်ကြတော့ မသိရပေ။ ပြည့်ဖြိုးလည်းသားငယ်လေးရဲ့ကိစ္စတိုင်းကို သိရတာမဟုတ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမ နောက်ထပ်တွေးထားတာတော့ရှိသည်။
"ယစ်မူးဘွယ်က ဒီပရောဂျက်မှာ ပါတာလား"
သူ ဘာဖြစ်လို့ဒီကိစ္စကိုမသိရတာလဲ။
"ပါတယ်လေ အညွှန်းကိန်း၊ ပရောဂျက်ပိုင်းက အများဆုံးတို့ကိုင်တာများတယ်၊ တို့တခြားပရောဂျက်တွေ ကြပ်ပြီးမနိုင်တဲ့အခါမျိုးမှ supervisor, assistant တွေကိုလွှဲပြီး report ယူတာပဲရှိတာ"
သူ ဒီလိုမျိုးကိစ္စတွေတော့အသေးစိတ်ဝင်မပါသလို သိလည်းမသိပေ။ အင်းပေါ ပါတော့လည်းပါပေါ့။
Part 14
Comenzar desde el principio
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)