"မယူဘူး ရှုပ်ရှုပ်ယှက်ယှက်"
"ယူသွားပါ မောင်ကလည်း၊ အိမ်အိမ်းညကပင်ပန်းပြီး မနက်အစောကြီးထချက်ထားရတာကို"
အစောကြီးထတာ သူ့အတွက်မဟုတ်ပဲ အစ်ကိုသော်ဝေကိန်းအတွက် အလှူလုပ်ပေးတာဆိုတာသူ မသိလို့လား။ ဒီလောက်လုပ်ထားတာတောင် မနက်ကိုမရ ရအောင်ထသေးတာ။
"ယူသွားနော် နော်"
ကိုယ်မယူလည်းလက်ထဲကိုအသင့်ရောက်လာတဲ့ ထမင်းဗူးက ယူသွားဖို့ဖြစ်လာတော့သည်။ ကြည့်လိုက်တော့ လူကိုသွားစေ့ပြီးရယ်ပြနေသေးတာဖြစ်သည်။
"မနက်စာ.."
"အချိန်မရှိဘူး သွားမယ် ဖယ်"
ရွှတ်!
မမှီမကန်းနဲ့ခြေဖျားထောက်ပြီး သူ့ပါးကိုလာနမ်းသည်။ ပြန်စိုက်ကြည့်လိုက်တော့ မျက်လွှာချပစ်၏။ ဒီတစ်ယောက်က ဘာဖြစ်ချင်နေတာလဲ။
ပြွတ်!
အွန်း!
သွားခါနီးမို့သူကပါးလေးနမ်းလိုက်တာကို မောင်ကသူ့ကိုစိုက်ကြည့်လာပြီး နှုတ်ခမ်းတွေကိုအတင်းစုပ်တော့သည်။ ခါးကိုဖက်ထားတာကို ဘယ်လိုမှလှုပ်လို့မရ။ သူ့မှာ မောင့်ကျောကို လက်တစ်ဖက်ကဖက်ထားပြီး လက်တစ်ဖက် ရင်ဘတ်ကအင်္ကျီစကို ဆွဲထားဖို့ပဲတတ်နိုင်သည်။ မောင်က နမ်းတာအရမ်းကြမ်းသည်။ သူစိတ်မထင်ရင်ပိုဆိုးသည်။ နှုတ်ခမ်းတွေကြိမ်းစပ်သွားတဲ့အထိ စုပ်ပစ်တာ။
အွန်း!
ပြွတ်!
"ဟင်း မောင့် အလုပ် ပြွတ်! နောက်ကျမယ်"
ထိုအခါမှ ဖယ်ပေးသည်။ ပြီးတာနဲ့သူ့နှုတ်ခမ်းကိုလက်ဖနောင့်နဲ့ သူ့နှုတ်ခမ်းကိုပွတ်ဆွဲသုတ်ပေးသည်။ မျက်မှောင်ကလည်းကြုတ်ထားသေးတာဖြစ်၏။ ပြီးတာနဲ့သူ့ကိုချက်ချင်းလွှတ်ပေးသည်။
"ခင်များ အလုပ်သွားမှာလား"
"သွားမှာ နေ့လည်လာမယ်လို့ အစ်ကိုသင်္ကေတကို ဖုန်းဆက်ထားတယ်"
"ကြည့်လုပ်ခင်များ"
သူ မကြည့်လုပ်တာဘာများရှိလို့လည်းမသိ။ ကြည့်လုပ်ဆိုတော့ ဘာတွေများလုပ်မိသွားလို့လဲ။ သူလုပ်ချင်တာလုပ်ပြီး ပြောချင်ရာပြောပြီးထွက်သွားတော့သည်။ တစ်ဆက်ထဲ ဆွမ်းတော်ဟစ်သံ ကြားတာနဲ့ ဆွမ်းလောင်းပြီးသားအသင့်လုပ်ထားတဲ့ ဗန်းကိုမြန်မြန်ယူကာ အောက်ကိုဆင်းသွားရသည်။ သူတို့တိုက်ကလူတွေကြည့်နေလည်း သူ မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။ ဘုန်းဘုန်းရှေ့ကတိုင်ပေးတာကို နောက်ကလိုက်ရွတ်ပြီး အစ်ကို့အတွက်အမျှအတန်းဝေ ကုသိုလ်ပြုရသည်။ ပြီးတာနဲ့သူအလုပ်သွားဖို့ပြင်လိုက်၏။ အရင်ရက်တွေလို ခါးတိုလေးဝတ်ဖို့လည်း စိတ်မပါတာကြောင့် တီရှပ်အပွဝတ်ကာ အပေါ်မှာရှပ်ကွက်လက်ရှည်ကိုထပ်ဝတ်လိုက်၏။ ဆံပင်တွေ သေသေချာချာ စည်းလိုက်ပြီး လျှာဦးထုတ်ကိုဆောင်းကာ အလုပ်သွားဖို့လုပ်လိုက်သည်။ သူ အလုပ်ပျက်တာများနေပြီဖြစ်ကာ အစ်ကိုသင်္ကေတကိုအားနာရသည်။ အစ်ကိုက ပိုက်ဆံလည်းမဖြတ်တော့ပိုဆိုး၏။ ဒါကြောင့် အလုပ်ကိုအချိန်များများပြန်ပေးဖို့အတွက် ပိတ်ရက်ကိုမနားပဲ ဆင်းပေးဖို့လည်း တွေးထား၏။
Part 14
Mulai dari awal
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)