အပိုင်း(၂၉)

Start from the beginning
                                    

'ဘာလို့လဲဟင်?'

'သူ့အကြောင်းတွေကိုမသိသေးတဲ့အချိန်တုန်းကတောင်သမီးကဖေးဖေးကိုချစ်နိုင်တယ်လေ။ဒါကသူ့ကိုသနားလို့ချစ်တာမဟုတ်ဘဲတခြားအကြောင်းတစ်ခုကြောင့်ချစ်တယ်ဆိုတာကိုသက်သေပြနေတယ်။အဲ့ဒါကဘာကြောင့်လဲဆိုတာကိုသမီးလဲသိမှာမဟုတ်ဘူ။ဒါသမီးရဲ့မသိစိတ်ကနေဖြစ်ပေါ်လာတာ' ကျန်းအိုက်ဖေးရှင်းပြလိုက်တယ်။သူမလက်နှစ်ဖက်ကလက်ချောင်းတွေက်ိုယှက်နွယ်လိုက်ပြီးထိုင်ခုံအနောက်ကိုမှီလိုက်တယ်။

သူမရဲ့အပြုအမူတွေကြောင့်မော့လင်ရှီးလဲနေရတာသက်တောင့်သက်သာဖြစ်လာပြီး: 'ဒါဆိုသမီးဖေးဖေးကိုချစ်သွားတာကမသိ‌စိတ်ကြောင့်လား?'

'အဲ့လိုပြောလို့ရတယ်။သမီးရဲ့မသိစိတ်ကခံစားနေရတဲ့ခံစားချက်တွေကြောင့်ဖြစ်နိုင်တယ်။သမီးအခုလိုစိတ်ရောဂါကုဆရာဝန်နဲ့လာပြရသလိုမျိုးပေါ့။သမီးစိတ်ရောဂါကုဆရာဝန်နဲ့ပြဖို့နမ်ဖုန်ကိုအရင်ပြောခဲ့တယ်မဟုတ်လား?ဒါပေမယ့်သမီးသိလား....စိတ်ရောဂါကုဆရာဝန်နဲ့ပြကြရတဲ့လူနာတွေထဲကအယောက်၁၀၀မှာ၂ ယောက်လောက်ကဘဲသူတို့ကုသမှုခံယူနေရတယ်ဆိုတာကိုဆရာဝန်အပြင်တခြားတစ်ယောက်ကိုပေးသိကြတာ'

'ဒါပေမယ့်သမီးကကျတော့သမီးဆရာဝန်နဲ့ပြဖို့လိုနေပြီဆိုတာကိုတတိယလူကိုအရင်ပေးသိတာဆိုတော့ သမီးရဲ့မသိစိတ်ထဲကခံစားချက်တွေကိုသမီးမထိန်းချုပ်နိုင်လို့ဘဲ'

မော့လင်ရှီးလဲကျန်းအိုက်ဖေးပြောနေတာတွေကိုအကုန်လုံးနားမလည်ပေမယ့်သူမရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာကမသိစိ‌တ်ကနေဖြစ်ပေါ်လာတာဆိုတာကိုတော့သိသွားပြီ။

'ဟုတ်ပါပြီ..ဒါဆိုစကြရအောင်...အရင်ဆုံးသမီးကိုအိပ်မွေ့ချရမယ်။အဲ့ဒါကြောင့်သမီးသက်တောင့်သက်သာဖြစ်မယ့်ပုံစံနဲ့လှဲအိပ်လိုက်။ပြီးရင်မျက်လုံးတွေကိုမှိတ်ထားလိုက်ပြီးအန်တီပြောမယ့်အတိုင်းလိုက်တွေးကြည့်လိုက်'

မော့လင်ရှီးဒီကိုမလာခင်တုန်းကအိပ်မွေ့ချပြီးကုသမှုခံယူရမှာကိုကိုကြောက်နေခဲ့တာ။ဒါပေမယ့်ဖေးဖေးကိုကုသနေတာကိုမြင်ပြီးသွားတော့ စိတ်ချသွားတာနဲ့ကျန်းအိုက်ဖေးပြောတဲ့အတိုင်းလိုက်လုပ်လိုက်တယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now