"အခုလည်း ထပ်မက်တယ်၊ ငါကသာငိုပြီးအစ်ကို့ကိုဖမ်းဆုပ်ထားတာ အစ်ကိုကငါ့ကိုပြန်နှစ်သိမ့်ပြီး ပြုံးပြနေတယ်"
သူမ သူငယ်ချင်းလေးကိုဖက်ကာ ကျောကိုသပ်ပေးလိုက်သည်။
"ဒါကောင်းတာပဲပေါ့၊ နင့်အစ်ကိုက နင့်ကိုစိတ်ချသွားလို့လေ အဲ့ဒါကြောင့်နင့်ကိုပြုံးကြည့်နေတာပေါ့"
"သွေးတွေနဲ့အိပ်မက်မက်တာတောင် ငါကဘာမှမသိခဲ့ဘူး သိလား၊ အစ်ကိုငါ့ကိုပြောပြချင်နေတာနေမှာ"
"ငါ့ကိုက နားမလည်တာ၊ အစ်ကိုက ငါ့ကြောင့်သေသွားတာ"
"မဟုတ်ပါဘူး နင့်ကြောင့်မဟုတ်ဘူး၊ လူဆိုတာ သေချိန်တန်သေရမှာပဲလေ၊ သေရမယ့်အချိန်မှာ ကိုယ်နဲ့တိုက်ဆိုင်သွားကြတဲ့အခါ လူတွေက ဒီလူသေရတာ ငါ့ကြောင့်ဆိုပြီးပြောတတ်ကြတယ်၊ အမှန်ကအဲ့လိုမဟုတ်ပါဘူး တိုက်ဆိုင်ရုံတင်ပါ သေနေ့စေ့လို့သေရတာပါ အိမ်အိမ်းကြောင့်မဟုတ်ပါဘူး"
အိမ်အိမ်းကိုအထင်မမှားဖို့သူမသေသေချာချာပြောပြရသည်။ အိမ်အိမ်းအရမ်းပင်ပန်းနေပြီဆိုတာ သူမသိသည်။
"ရေချိုးရအောင်နော်၊ ဒီမီးဖိုချောင်မဝင်ဘူးတဲ့ နီလာမြင့်က ဝင်္ကပါအိမ်အတွက် ညစာလုပ်ပေးမယ်"
နွေးထွေးလွန်းတဲ့နီနီရှိတာ သူ့အတွက်ကံကောင်းခြင်းတစ်ခုပင်။ သူထပ်စဉ်းစားမိတာက အစ်ကို့အတွက်ကောင်းမှုကုသိုလ်လုပ်ပေးဖို့ပါပဲ။
"တန်တန်!"
ရေချိုးပြီးထွက်လာတဲ့သူ့ကိုမီးဖိုချောင်ထဲခေ့်သွားကာသူလက်စွမ်းပြထားတယ်ဆိုတာကိုကြည့်လိုက်တော့ ကြက်ဥကြော်ဖြစ်နေလေရဲ့။
"နီနီ ကြက်ဥကောင်းကောင်းကြော်တတ်နေပြီပဲ"
"ရှင်နော် ထပ်ရှိပါသေးတယ် ဒါက special menu ကြက်ဥလိပ်"
ကိုရီးယားကားတွေထဲမှာမြင်ရသလို ကြက်ဥကိုလိပ်ထားတာ။ အသားတချိူ့လည်းပါပုံရပြီး ကြက်သွန်မိတ်လည်းပါသည်။
"မြည်းကြည့်"
လှီးပြီးသားအနေတော်ကြက်ဥလိပ်ကို တူနဲ့ညှပ်ကာ သူ့နှုတ်ခမ်းနားလာတေ့ကာကျွေး၏။ တဖြည်းဖြည်းဝါးစားရင်း သူ လက်မလေးထောင်ပြတော့ နီနီက သဘောတကျနဲ့ရယ်သည်။
Part 13
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)