"နီနီ"

"အင်း မပြောနိုင်ရင်မပြောနဲ့ မသိရလဲ ဘာမှမဖြစ်ဘူး၊ မသိရပေမယ့် အိမ်အိမ်းဒီလိုထပ်မငိုတော့ဘူးလို့တော့ ကတိပေးရမယ်"

သူ နီနီကိုဖက်လိုက်မိသည်။ နီနီက သူ့အပေါ်အမြဲနွေးထွေးသည်။ ကောင်းမွန်သည်။

"ငါတစ်ခါပြောဖူးတဲ့ ရည်းစားဆိုတာမှတ်မိလား"

"အင်း"

"ငါ ရန်ကုန်မရောက်ခင် သူကရွာကနေငါ့ကိုခေါ်လာခဲ့တာ၊ လှည်းကူးမှာ ထားထားတာလေ၊ သူ အဆင်သင့်ဖြစ်တာနဲ့ ငါ့ကိုလာခေါ်မယ်လို့ ပြောခဲ့တာလေ"

အစကဒီအကြောင်းတွေကိုမပြောပြခဲ့ပေ။ သူငယ်ချင်းလေးကိုကြည့်ရတာ အခုတော့အားလုံးပြောပြတော့မယ့်ပုံ။

"တစ်ရက်ကြတော့ သူငါ့ဆီကို သူအခုထွက်လာနေပြီ အဆင်သင့်လုပ်ထား အဝေးကြီးကိုသွားကြမယ်လို့ပြောတယ်"

သူငယ်ချင်းလေးက သူမကိုပြောပြနေရင်းမျက်ခမ်းစပ်တွေက နီလာပြန်သည်။

"အိမ်အိမ်း နင်အဆင်မပြေရင်.."

မဲ့နေရင်းသူမကိုခေါင်းခါပြသည်။

"ဒါပေမယ့် အစ်ကိုရောက်မလာဘူးသိလား"

ငိုသံတွေရောယှက်ကာသူမကိုပြောပြလာသည်။

"ရောက်မလာတာ အစ်ကိုငါ့ကိုအဆက်အသွယ်ဖြတ်သွားပြီထင်ခဲ့တာ၊ ငါဖုန်းဆက်တိုင်း ဖုန်းကဒ်ကတပ်ဆင်ထားခြင်းမရှိပါပဲ ပြောနေတာ"

"အဲ့ဒါ အခုမှသိရတာ အဲ့တုန်းကအစ်ကိုက ငါ့ဆီလာရင်း car accident ဖြစ်ပြီးတစ်ခါထဲဆုံးသွားတာတဲ့"

ပြောရင်းနဲ့အသံတိတ်မျက်ရည်ထပ်ကျလာသည်။ ဒီလိုအကြောင်းအရာကိုကြားမှတော့ အိမ်အိမ်းမူးလဲတော့မှာပေါ့။ အိမ်အိမ်းကိုဘယ်လိုတောင် ရက်ဆက်ကြတာလဲ။ အခုမှသိရတော့ယူကြုံးမရဖြစ်နေမှာပေါ့။ ဒီအစ်ကိုက အိမ်အိမ်းရဲ့အချစ်ဦးလို့ပြောရမှာပေါ့။ အင်းလေ အချစ်ဦးကပဲဒီလိုဖြစ်သွားတော့ ဘယ်သူကမငိုပဲ နေနိုင်မှာလဲ။

"ကြားထဲမှာအစ်ကို့ကို သွေးတွေနဲ့အိပ်မက်မက်တယ်၊ ၂ ခါလောက်မက်ပြီး နောက်တစ်ခါထပ်မက်တော့ အစ်ကိုကပြုံးပြတယ်"

INDEX [Complete] U+ZWhere stories live. Discover now