"သင်္ကေတ အိမ်အိမ်းကတံခါးလာမဖွင့်သေးဘူး"

တင်းတောင်~~~

သူ ဘဲလ်ကိုဆက်တိုင်နှိပ်ရင်း သင်္ကေတကိုဖုန်းထပ်ဆက်ရသည်။ နောက်ထပ်နေမှတံခါးလာမဖွင့်ရင် သူသော့ဖျက်ပြီးဝင်ဖို့ သင်္ကေတကိုလုပ်ခိုင်းတော့မှာ။

ချပ်!

"ရပြီ တံခါးပွင့်ပြီ"

တစ်ဖက်ကိုထပ်ပြောလိုက်ရင်း တံခါးကိုတွန်းဖွင့်လိုက်တော့ အိမ်အိမ်းမျက်နှာကနီရဲနေပြီး မျက်ရည်တွေနဲ့ ရွှဲကာဆံပင်တွေလည်းရှုပ်ပွနေသည်။

"အိမ်အိမ်း အရမ်းမငိုပါနဲ့ ငါ့ရဲ့အိမ်အိမ်းလေ"

အိမ်အိမ်းကိုဒီလိုပုံနဲ့မတွေ့ဖူးတာကြောင့်သူစိုးရိမ်သွားသည်။ အိမ်အိမ်းပုံကလုံးဝပြိုလဲတော့မယ့်ပုံစံဖြစ်သည်။ အိမ်အိမ်းမှာ ဒီလောက်ဖြစ်ရမယ့် ကိစ္စတွေရှိနေတာလား။ သူမက ဘာဖြစ်လို့မသိရတာလဲ။ သူမ တံခါးကိုပြန်ပိတ်ပြီး အိမ်အိမ်းကိုအခန်းထဲခေါ်သွားလိုက်သည်။ အိမ်အိမ်းပုံစံက အရင်ကသူမမြင်ဖူးတဲ့ပုံစံနဲ့ကွဲထွက်နေသည်။ အိမ်အိမ်းဒီလိုငိုတာတွေ့တော့ သူမလည်းငိုချင်တာပဲသိတော့၏။

"နီနီ အီးဟီး"

သူမကိုခေါ်ကာဖက်ပြီးထပ်ငိုပြန်သည်။ သူမလုပ်နိုင်တာက ဖက်ထားတဲ့အိမ်အိမ်းကိုပြန်ဖက်ထားရင်း သူမကိုယ်တိုင်လည်းမျက်ရည်တွေကျမိနေတာဖြစ်သည်။ အကြောင်းအရာဘာမှန်းမသိပေမယ့် အိမ်အိမ်းငိုတော့ သူမလည်းလိုက်ငိုမိတော့၏။

"အိမ်အိမ်းရယ်မငိုပါနဲ့တော့နော် မျက်လုံတွေပေါက်ထွက်တော့မယ် မငိုပါနဲ့တော့နော်"

သူမကိုယ်တိုင်မျက်ရည်တွေကျရင်း အကြောင်းအရာကိုမမေးမိပဲ ငိုထားတဲ့အရှိန်နဲ့ မျက်လုံးတွေနီရဲကာ မျက်ခွံတွေမို့နေတဲ့အိမ်အိမ်းကို မငိုဖို့ချော့နေရသည်။ အကြောင်းအရာတွေကိုသိဖို့မလိုပေ။ အိမ်အိမ်းကို ဒီလိုမျိုးမငိုစေချင်ဘူး။

"မငိုပါနဲ့တော့နော် နင်မငိုအောင်ငါဘာလုပ်ပေးရမလဲ ငါ့ကိုရိုက်မလားဟင် မငိုပါနဲ့နော်"

သူမကိုခေါင်းခါပြရင်း ငိုနေတဲ့အိမ်အိမ်းက တစ်ခါတစ်ခါရှိုက်ရှိုက်သွားသည်။ အသက်ကိုလည်း လုရှူနေရသလို ဖြစ်နေ၏။

INDEX [Complete] U+ZWhere stories live. Discover now