"အော် ဝင်္ကပါအိမ် နီလာမြင့်ကိုဖုန်းဆက်လိုက်အုန်း"
"ဟုတ်ကဲ့ အစ်ကို"
နီနီ့သူအလုပ်မလာတာသိရင် သူ့ဆီဖုန်းဆက်မှာသေချာသည်။ ကြည့်ရတာ သူ့အလုပ်မလာနိုင်တာကို သိတဲ့ပုံမပေါ်ပေ။ နီနီ ဘာတွေလုပ်ရှုပ်နေလို့လဲ။ သူနေ့လည်မှ နီနီ့ကိုဖုန်းဆက်ကြည့်ဖို့လုပ်ထားလိုက်သည်။ အခုတော့ အလုပ်နားလို့ပျက်ကွက်ခဲ့တာတွေကို ပြန်ဖြည့်ပေးအုန်းမှ။ ကိုယ်နားနေတုန်းက တခြားသူတွေက ကိုယ့်အစားပါလုပ်ပေးခဲ့ရမှာ။
"အင်းနီနီ"
.....
"ဘာဖြစ်လို့လဲ နီနီ၊ တစ်ခုခုဖြစ်နေတာလား"
.....
"စိတ်ပူလို့ ပြောပါအုန်း၊ ငါ့ကိုမှမပြောရင်ဘယ်သူ့ကိုပြောမှာလဲ"
......
"အင်း လာအိပ်ရမှာပေါ့ လာခဲ့နော် ညကျစိတ်ညစ်နေတာတွေအားလုံးပြောပြနော်"
နီနီ့အသံကတစ်ခုခုကိုစိတ်ရှုပ်နေတဲ့အသံဖြစ်သည်။ နီနီတစ်ခုခုဖြစ်နေလို့သာ သူအလုပ်မတတ်နိုင်တာကို မသိတာပေါ့။ မဟုတ်ရင် အားလုံးသိလေ။ ဒါနဲ့ သူအညွှန်းကိန်းကို စားလှမ်းပို့လိုက်သည်။ ညက နီနီလာအိပ်မှာကို လှမ်းပြောလိုက်တာဖြစ်ပြီး ခဏကြာလာတော့ အင်း ဒီညပြန်မလာဖြစ်ဘူး' ဆိုပြီးစာပြန်ပို့လာသည်။ တော်သေးတာပေါ့။ သူနီနီ့အတွက် အချိန်ပေးအုန်းမှဖြစ်မှာ။
"ဝင်္ကပါအိမ်"
ညနေပြန်ကာနီး အစ်ကိုသင်္ကေတက သူ့ဆီကိုရောက်လာ၏။
"ဟုတ်ကဲ့ အစ်ကို"
"နီလာမြင့်ကို စကားပြောပေးလိုက်ပါ၊ သူပြောလာမယ့် အကြောင်းအရာကို ဖြစ်သင့်ကြောင်း ဝင်္ကပါအိမ်က ထောက်ပြပေးပါ"
"ဟုတ်ကဲ့ အစ်ကိုဘာလဲမသိသေးပေမယ့် ကျွန်တော်က ဘယ်ဟာဖြစ်သင့်လည်း မဖြစ်သင့်လည်း သိပါတယ်အစ်ကို"
"အင်း ကိုယ် ဝင်္ကပါအိမ်ကို အားကိုးမယ်နော်"
"ဟုတ်ကဲ့"
အကြောင်းအရင်းကကြီးလောက်သည်။ အစ်ကိုတောင်သူ့ကိုလာပြောရတဲ့အထိဆိုတော့ နီနီကြုံတွေ့နေရတာ ဘာများလဲ။ နီနီ့အတွက်စိတ်ဖြေစေဖို့ သူ နီနီကြိုက်တဲ့စပျစ်သီးတွေကို ဝယ်သွားရသည်။ ဆိတ်သားကိုဒိန်ချဉ်လေးနဲ့ချက်ပေးဖို့ စဉ်းစားလိုက်သည်။
Part 12
Começar do início
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)