"ဖယ် ဘာလို့ငါတို့နောက်လိုက်လာရတာလည်း "

" အချစ်မရှိပဲ မောင်တယောက်ထဲ ဘယ်လိုနေမလည်း "

" လူလိမ် မင်းပျော်နေတယ်မဟုတ်လား "

" ရှင်းပြမယ် ရှင်းပြချင်လွန်းလို့ကို နေမအိပ်ညမအိပ်လိုက်ရှာနေခဲ့တာ တခုခုဆို မောင်စကားကိုနားမထောင်ပဲ ဘာလို့ထွက်ပြေးဖို့ပဲကြိုးစားရတာလည်း Daisy"

" ငါမခံစားနိုင်လို့ "

" မောင်ရှင်းပြမယ် မောင်တို့စတွေ့ခဲ့တာ april 5 ဆို 23 နှစ်ပြည့်ပြီ ..မောင်တို့ မဂ်လာနေ့ april 5 ဆို 3နှစ်ပြည့်ပြီ.ပြီးတော့ သားကလည်း april 5 ဆို တနှစ်ပြည့်ပြီလေ.

ဒီလိုတွေအမှတ်တရကို တနေ့တချိန်ထဲ လုပ်လို့ရအောင် သားကိုတောင် အဲ့နေ့မှာမွေးခဲ့တာပဲမဟုတ်လား.

အဲ့တာ အမှတ်တရလက်ဆောင်အနေ နဲ့လက်ဆောင်ပေးချင့်လို့ခုလိုတိတ်တဆိတ်စီစဥ်ခဲ့တာပါ အချစ်ရယ်..

အထင်လွှဲစရာဖြစ်သွားတာမောင်တောင်းပန်ပါတယ်..မောင်ကဘာလို့ဖောက်ပြန်ရမှာလည်း အချစ်ရယ်. မောင့်က အချစ်ကလွဲလို့ ဘယ်သူကိုမှ မချစ်နိုင်တာအချစ်မသိလို့များလားကွာ..​."

" သူကဘယ်သူလည်း "

" အဲ့တာ မောင့် သူငယ်ချင်း Architecture တယောက် သူ့မှာလည်း အမျိုးသမီးရှိတယ် "

" သူက "

" ဟုတ်တယ် မောင်တို့လိုပဲ "

" ဟွန့် အဲ့တာအစောထဲက ပြောပြပါလား ငါမှာညတိုင်းမင်းပြန်လာရင် မင်းအကျီက အမျိုးသမီးရေမွှေးနံ့ကြောင့်အဲ့အကျီတွေအကုန် ကပ်ကြေးနဲ့ညှပ်ပြီး လွှတ်ပြစ်လိုက်တာ နှမျောစရာကြီး ..

ပြီးတော့ ငါမှာငိုလိုက်ရတာ ညတိုင်းပဲ ပြန်ရော်ပေး ငါ့မျက်ရည်တွေ ပြန်ရော်ပေး မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး ပြန်ရော်ပေးလို့ ဟင့်ဟင့် "

J ဟာ Daisy လက်ထဲက သားကိုပြောင်းချီလိုက်တော့ Daisy ဟာ ခြေလွှတ်လက်လွှတ်ဖြစ်ကာ ​အပြီအပြင်ကိုကောက်လို့ ငိုပါလေးရော.. ရွာလမ်းမ အလယ် ဆောင့်ကြောင့်ထိုင်ကာ အသံပြဲကြီးနဲ့ကိုအော်ကာငိုနေတော့သည် .

Daisy  (complete) Where stories live. Discover now