"အထဲကဟာတွေကိုအရင်ထုတ်လိုက်တာကောင်းမယ်ထင်တယ်"
သူကိုယ်တိုင်ဒီလိုမျိုးတစ်ခါမှမလုပ်ပေးဖူးဘူး။ သူနဲ့ပတ်သက်တာတွေဆို လုပ်ပြီးဒီအတိုင်းထားပစ်ခဲ့တာတွေကြီးပဲ။
"ကိုယ့်ပါကိုယ်ထုတ်လိုက်မယ် အပြင်သွားနေ"
"မရဘူး!"
ရှက်နေတာကိုနည်းနည်းပါးပါးလွှတ်ပေးဖို့စိတ်ကူးမရှိဘူးလားမသိဘူး။ အပြင်ထွက်ပါဆို ဘယ်လိုပြောပြောထွက်မပေးပဲ ရေချိုးခန်းထဲမှာဟိုလှည့်ဒီလှည့်လုပ်နေသည်။ ပြီးတာနဲ့ ဘိုထိုင်ဘက်သွားကာ သူကြည့်နေမှန်းသိရဲ့သားနဲ့ ဘောင်းဘီဇစ်ဆွဲချပြီး အပေါ့စွန့်ဖို့လုပ်၏။ သူ့မှာမျက်နှာတွေနီရဲပြီးခေါင်းကိုချက်ချင်းလှည့်ပစ်လိုက်ရသည်။ ဘိုထိုင်ထဲ အပေါ့စွန့်လို့ကျတဲ့အသံက အတိုင်းသားအကျယ်ကြီးကြားနေရ၏။ အညွှန်းကိန်းကတော့ မျက်နှာတွေနီရဲကာတစ်ဖက်လှည့်သွားတဲ့သူကိုကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ကော့ညွှတ်သွားတော့သည်။ အလကား တစ်ညလုံးနေပြီးနေကို ဒါကိုလိုက်ရှက်နေသေးတယ်။ သူ့အရာဘာလဲ ကိုယ့်အကောင်ဘာလဲ ထင်ထင်ရှားရှားမြင်ပြီးနေပြီကို အလကား။
"ကိုယ်ပူချင်နေတာလား"
ရေချိုးပြီးတာနဲ့သူ့အခန်းထဲမှာပဲနေရသည်။ အခုလည်းကိုယ်ပူနေတာလားဆိုပြီး သူ့ကိုအကြမ်းအရမ်းဆွဲကပ်ကာနဖူးကို သူ့ပါးနဲ့ကပ်ကြည့်၏။ လုပ်လိုက်ရင်ဇွတ်။ ရေချိုးခန်းထဲမှာလည်း သူ့အတွင်းထဲက ကျန်နေတဲ့အရာတွေကိုနိုက်ထုတ်ပေးသေးသည်။ အဲ့တုန်းကသူ နာလို့ လက်မောင်းအရင်းကို ကုန်းကိုက်လိုက်၏။ ကိုက်ပြီးမှသတိရပြီးလွှတ်ပေးကာကြည့်လိုက်တော့ သူ့ကိုဘာမှပြောမလာပဲစိုက်ကြည့်နေသည်။ ဟုတ်တယ် အဝကလက်နဲ့ထိတာနဲ့ကြိမ်းစပ်နေတာကို မညှာမတာနဲ့လိုက်နိုက်နေတာ။ ခေါင်းလျှော်ချင်ပါတယ်ဆိုတာကိုလည်း လက်မခံဘူး။ အားလုံးကသူ့စိတ်တိုင်းကျ။ ရေသုတ်ပြီးတော့လည်းကိုယ့်အခန်းထဲကိုယ်ပြန်မယ်ဆိုတာကိုမရဘူး သူ့ jogger pants နဲ့ hoodie ကြီးကိုဝတ်ပေးကာ သူ့အိပ်ရာပေါ်ကိုပဲပြန်ရောက်သွားပြန်သည်။
"ဆေးထိုးရမှာထင်တယ်"
တကယ်အတည်ကြီးပြောနေတဲ့သူကိုကြည့်ပြီး ဝင်္ကပါအိမ်မျက်လုံးပြူးမိသွားသည်။
Part 11
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)