"မုတ်ဆိတ်ရိပ်ပေး"

ဟင်!

အခုသူ့ကိုမုတ်ဆိတ်ရိတ်ပေးဖို့ပြောနေတာလား။ အညွှန်းကိန်းကမရိတ်တတ်ဘူးလား။

"ဘန်ကောက်မှာတုန်းက ဆိုင်မှာသွားရိတ်ထားတာ နောက်ဆုံးပဲ အခုပြန်ရှည်ချင်နေပြီ"

"ဟို"

"အိမ်လခပေးတယ်လို့သဘောထားလိုက် ပြီးရင်အခန်းထဲလာခဲ့"

ပြောပြီးတာနဲ့ထသွားတော့သည်။ သူ့ကျောပြင်ကိုလိုက်ကြည့်ရတဲ့အဖြစ်။ အညွှန်းကိန်းက သူတို့လိုလူမျိုးတွေသဘောကျရတဲ့လူတွေထဲကထိပ်ဆုံးမှာပါသည်။ ဒါပေမယ့် အညွှန်းကရောသူတို့လူမျိုးတွေကိုသဘောကျရဲ့လား။ မခွဲခြားတာကိုသိပေမယ့် သူသိချင်တာလက်တွဲဖော်တစ်ယောက်အနေနဲ့ဆိုရင် သဘောကျနိုင်လားကိုသိချင်တာဖြစ်၏။ ခေါင်းတွေခါရမ်းလိုက်ပြီး ရှေ့ကထမင်းပန်းကန်မျက်လုံးရောက်သွားတော့ ထမင်းကိုကုန်အောင်းစားသွားတာကြောင့် သူပြုံးလိုက်မိသည်။ သူကြော်ထားတာကိုကုန်အောင်စားသွားတဲ့အပြင် ကော်ဖီပါကုန်အောင်သောက်သွားတာ။ သူ့အတွက်တောင်သူမသောက်ရသေး။

"အား!! ခါးလိုက်တာ"

ကော်ဖီကိုသောက်ကြည့်ပြီးတာနဲ့ ပြန်တောင်အန်ထွက်တော့မလို့။ သူသကြားထည့်ဖို့မေ့သွားတာလား။ အဟုတ်ပဲ ကော်ဖီထည့်ပြီးသကြားမထည့်ရသေးပဲမွှေနေတုန်း အညွှန်းကိန်း တောင်းလို့ပေးလိုက်တာ။ ဒါကိုအညွှန်ူကိန်းကကုန်အောင်သောက်သွားတယ်။

"ဘုရားရေ! ခါးတူးနေတာကို"

သူတော့မသောက်နိုင်တော့တာကြောင့်သွန်ပစ်လိုက်တော့သည်။ ပြီးတာနဲ့ပန်းကန်တွေမြန်မြန်‌ဆေးကာ မီးဖိုချောင်ကိုသန့်ရှင်းရေးလုပ်ပြီး သူဆံပင်တွေဘာတွေသွားစည်းလိုက်၏။

ဒေါက်ဒေါက်

ချပ်!

တံခါးခေါက်ပြီးတာနဲ့ဖွင့်လာတဲ့တံခါး။ ဘွားကနဲပေါ်လာတဲ့လူက ခါးမှသဘတ်တစ်ထည့်ပဲပတ်ထားပြီး အပေါ်ပိုင်းဘာမှမရှိ။ ကြွက်သားတွေက သူ့နေရာနဲ့သူကျစ်လစ်နေပြီး အဆီကိုလုံးဝမရှိပေ။ ရင်အုပ်တွေကလည်း မို့မောက်နေကာ လက်မောင်းကြီးတွေကလည်းအကြီးကြီးဖြစ်သည်။ အသားခပ်ညိုညိုမှာကြွက်သားတွေနဲ့ အညွှန်းကိန်းကို သူစေ့စေ့မကြည့်ရဲပေ။

INDEX [Complete] U+ZWhere stories live. Discover now