"ထမင်းစား ကျုပ်ပြောသလိုလုပ် ပိုက်ဆံပေးဖို့မစဉ်းစားနဲ့"
"ဒါနဲ့ အညွှန်းကိန်းက ဒီမှာအမြဲနေတော့မှာလားဟင်"
"ဘာလဲ နေလို့မရဘူးလား"
"အညွှန်းကိန်းအိမ်ပဲ နေလို့ရတာပေါ့၊ အိမ်..ကျွန်တော် ဒီအတိုင်းမေးကြည့်တာပါ"
အမှန်တော့သူ့အိမ်ဆိုတာထက် အစ်ကိုသော်ဝေကိန်းအိမ်လို့ပြောရရင်ပိုမှန်မှာပေါ့။ ဒီအခန်းရှိတာမာမီတောင်မသိ။ အစ်ကိုသော်ဝေကိန်းနဲ့သူကအမြဲအဆက်အသွယ်ရှိတော့ သူ ကွန်ဒိုတစ်ခန်းသီးသန့်ဝယ်ထားတာကို အစ်ကိုပြောပြလို့ သူသိထားတာ။ မာမီကကျတော့အိမ်ရှိရဲ့သားနဲ့အပြင်မှာနောက်ထပ် ဟိုလိုလိုဒီလိုလိုတွေထပ်ဝယ်ပြီး နေတာမကြိုက်။ မကြိုက်ပေမယ့် သူ့ကိုတော့ဒီလိုထိန်းချုပ်လာခြင်းမရှိပါဘူး။ အစ်ကိုကဒီအခန်းကို ရည်ရွယ်ချက်ရှိရှိဝယ်ခဲ့လေသလား။ ဒါတွေကိုတော့ သူဘာမှမသိရသေး။
"ဒီမှာအမြဲမနေဘူး၊ ခင်များဖုန်းနံပတ်ပေးထား ပြန်လာမယ့်ရက်တွေကို လှမ်းပြောလို့ရအောင်"
"အင်း"
ကိုယ့်ရှေ့ကိုထိုးပေးလာတဲ့ဖုန်းကြောင့် ဝင်္ကပါအိမ် သူကိုယ်တိုင်ဖုန်းနံပါတ်ရိုက်ထည့်ကာနာမည်မှတ်ပေးလိုက်ရသည်။ ထမင်းစားသူနေသူရဲ့လည်ပင်းမှာ စွဲစွဲမြဲမြဲတွေ့လိုက်ရတဲ့ ဆွဲကြိုးကြောင့်အညွှန်းကိန်း နှုတ်ခမ်းတစ်ဖက်ကော့ညွှတ်စွာပြုံးလိုက်မိသည်။ ပတ္တရားမှာတုန်းကဆွဲမထားရင်ပြဿနာရှာမယ်ဆိုတာနဲ့နောက်ရက်ဆွဲလာတာ။ ဟိုမှာဒီလူအရမ်းလွတ်လပ်ပြီး အဝတ်အစားအရမ်းရဲခဲ့တာ။ အမြဲတမ်းခါးတိုလေးတွေပဲဝတ်တာကိုသူမြင်ခဲ့သည်။ အခုဒီပြန်ရောက်မှ အဝတ်အစားကိုပါဆင်ဆင်ခြင်ခြင်ပြန်ဝတ်၏။ တောကလာတယ်ဆိုပေမယ့် အသားဖြူတဲ့အထဲပါသလို မိန်းကလေးအဖြစ်မွေးလာရမှာကိုယောက်ျားလေးအဖြစ်မှားယွင်းစွာမွေးသလားလို့ မေးရအောင် အားလုံးကမိန်းကလေးတစ်ယောက်အသွင်အပြင်တွေပဲရှိသည်။
"Signature ကိုဘယ်အချိန်သွားမှာလဲ"
"၉ နာရီမှ အိမ်ကထွက်မှာ"
"တစ်ခုကူညီပေးမလား"
သူ့ကိုမော့ကြည့်လာပြန်သည်။
Part 9
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)