"ကြိုက်လား"
ဆံပင်အရောင်ဆိုးလို့ပြီးတာနဲ့မေးလိုက်တော့ မှန်ထဲကိုပြုံးကြည့်နေသည်။
"အိမ်အိမ်းရယ် ငါလေ ဒီအရောင်ကိုမျက်လုံးထဲကမထွက်တော့ဘူး၊ မှန်ကြည့်နေတာတောင်မခွာချင်ဘူး"
ကော်ဖီရောင်ကသူ့ခေါင်းမှာပထမဆုံးတင်မိတာဖြစ်ပြီး သူတော်တော်သဘောကျသွားသည်။ ဒါကြောင့်ပဲအိမ်အိမ်းကိုချစ်ရတာ။ အိမ်အိမ်းကသူရွေးချယ်စရာမလိုအောင် ရွေးပေးတတ်သည်။
"ငါ့အချစ်လေးက ငါ့အကြိုက်အကုန်သိ"
အိမ်အိမ်း သူ့ကိုလာဖက်ကာလှုပ်ခါနေတဲ့ နီနီ့ကိုဖက်ထားပေးလိုက်သည်။ နောက်ပိုင်း ဧည့်သည်စိတ်တိုင်းကျမဟုတ်ပဲ အရောင်လေးတွေသူရွေးပေးတတ်ပြီး ဧည့်သည်ဒီလိုစိတ်တိုင်းကျရင် ပိတိဖြစ်ရသည်။ ဧည့်သည်တွေလည်း အခုနောက်ပိုင်းသူ့ကိုပဲ ဘယ်လိုလေးတွေလိုက်မလဲဆိုပြီး ရွေးခိုင်းတော့တာဖြစ်ပြီးသူတို့လေးတွေသဘောကျရင် သူ့မှာပျော်လို့မဆုံး။
"အိမ်အိမ်း မျက်ခုံးတတ်တူးလေးထိုးရင်ကောင်းမလား"
"မကောင်းဘူး ဒီအတိုင်းထား"
မျက်ခုံးမွှေးကမရှိတာမဟုတ်ပဲနဲ့လျှောက်လုပ်ချင်နေတာ။ သူပြောကာမှပါစပ်ကိုပိတ်သွားတော့သည်။ ဘာမှမဟုတ်ပဲ သူများတွေလုပ်လို့လိုက်လုပ်ချင်နေတာ။
>>>>>>>>>>
<<<<<<<<<<
အိပ်နေတဲ့သူ့မျက်နှာက အနည်းငယ်လှုပ်ခက်နေသလို။ အနီးကပ်မြင်ရတဲ့ မျက်နှာကမျက်ခုံးလေးတွေစုကြုံ့သွားလိုက်ဖြစ်နေသည်။ အိပ်မက် မက်နေတဲ့ပုံစံဖြစ်ကာ ကောင်းတဲ့အိပ်မက် ဖြစ်နိုင်မယ့်ပုံမပေါ်။ မျက်ခုံးလေးက စုကြုံ့သွားပြီးခေါင်းကိုဘယ်ပြန်ညာပြန် ဆက်ကနဲ ဆက်ကနဲလှည့်နေ၏။
ဟား!!
အသက်ရှူရတာမဝပဲရင်ထဲမှာစို့ကြပ်နေသည်။ အိပ်ရာပေါ်စောင်ပုံထဲမှာ ဆံပင်ဖရိုဖရဲနဲ့ငုတ်တုတ်လေး ထထိုင်မိကာအိပ်မက်ရင်းကျလာတဲ့မျက်ရည်တွေကို သူပွတ်သုတ်မိလိုက်သည်။ အစ်ကိုနဲ့ပတ်သက်ပြီး မက်တဲ့အိပ်မက်တိုင်းဟာ ကောင်းတဲ့အရာတစ်ခုမှပါမလာသေးဘူး။
Part 8
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)