"ဟယ် ကြက်ကြော်တွေ"

"အင်း လာစား"

ရောက်လာတဲ့အကြောင်းရင်းကိုမေ့ကာ ကြက်ကြော်ဝင်စားနေတဲ့ နီနီ့ကြောင့် အိမ်အိမ်းရယ်မိသွားသည်။ သူတို့နှစ်ယောက်ဟိုကနေ အဝတ်အစားတွေဝယ်ခဲ့သေးတာ။ ဟိုမှာက အဝတ်အစားကိုကိုယ်ကြိုက်တဲ့ပုံစံတွေအများကြီးဖြစ်ပြီး ဝယ်လို့လည်းကောင်းတာကြောင့် သူရောနီနီရော အဝတ်အစားတော်တော်များများပါခဲ့သည်။ သူကတော့ တခြားမိတ်ကပ်ပစ္စည်းလေးတွေပါ ပါခဲ့သေးတာ။ သင်တန်းထပ်တက်ဖို့လုပ်ထားတာကြောင့် ဝယ်ခဲ့လိုက်တာဖြစ်သည်။

"တော်တော့ ပြောလိုက်ရင်ဝလို့ဝလို့နဲ့ စားတာကျမလျော့ဘူး"

"အိမ်အိမ်းကလည်း"

တစ်တုံးကုန်ကာနီးတာနဲ့ကြက်ကြော်တွေကိုသိမ်းလိုက်တဲ့ အိမ်အိမ်း။ သူကလည်းသူပါ။ ဝိတ်ချမယ်ဝိတ်ချမယ်နဲ့စားလိုက်မိတိုင်းဝိတ်တက်မယ့်အကြော်တွေကြီးပဲဖြစ်နေတာ။ ဆံပင်ကာလာပြောင်းဖို့လာခဲ့တာကို အစားနဲ့တိုးသွားလို့ အစားအရင်စားလိုက်မိတာဖြစ်သည်။ ပြီးတာနဲ့ သူ့ကိုတောင် ဘာအရောင်လည်းမမေးပဲ အိမ်အိမ်းကအရောင်စပ်နေသည်။ ခေါင်းကတော့ တခြားလျှော်ပေးတာဖြစ်ပြီး သွားထိုင်တာနဲ့အိမ်အိမ်းကသူ့ဆံပင်တွေကို အရောင်ဆိုးဖို့စလုပ်ပေး၏။ သူဘာမှပြောစရာမလိုအောင် အိမ်အိမ်းကသူ့အကြိုက်တွေကိုသိနေပြီဖြစ်သည်။ တစ်ခါတလေ သူနဲ့သွားအိပ်ရင်များ မျက်နှာကိုလည်းပေါင်းတင်ပေးလိုက်နဲ့။ အိမ်အိမ်းနဲ့နေမှ သူကကိုယ့်မျက်နှာတောင် ကိုယ်ဂရုမစိုက်ပဲ အိမ်အိမ်းဂရုစိုက်ပေးတာကိုပဲ လိုချင်နေလို့ခက်သည်။

"ဟာ ဒီဧည့်သည်က ပိုက်ဆံမရဘူး"

"သင်္ကေတ နင်နော်"

အစ်ကိုသင်္ကေတဝင်လာကာ ဆံပင်လုပ်နေတဲ့နီနီ့ကိုမြင်ပြီး စနောက်တော့ပါသည်။ အိမ်အိမ်းကြားကရယ်လိုက်တော့သည်။ သူ့အထင် အစ်ကိုသင်္ကေတ နီနီ့အပေါ်မှာတစ်ခုခု ရှိနေတဲ့ပုံပေါ်သည်။ ပတ္တရားမှာတုန်းကလည်း နီနီ့ကိုဂရုစိုက်တာသူအသိဖြစ်သည်။ ဒါနဲ့များဘာလို့ဖွင့်မပြောနာလည်းမသိ။ တချို့ဆက်ဆံရေးတွေကဖွင့်ပြောလို့ ပိုတိုးတက်သွားတာရှိသလို တချို့ဆက်ဆံရေးတွေကပိုဆိုးသွားတာလဲရှိတယ်မလား။ ပိုဆိုးမသွားစေချင်လို့ ဖွင့်မပြောတာလဲ ဖြစ်ချင်ဖြစ်မှာ။

INDEX [Complete] U+ZWhere stories live. Discover now