"အိမ်အိမ်း ထမင်းစားလိုက်အုန်း"
"အင်း ဒါလေးပြီးစားလိုက်မယ်"
"နေ့လည် ၂ နာရီထိုးနေပြီနော် အိမ်အိမ်း၊ ဒါပြီးရင် တကယ်စားတော့"
"ဟုတ်"
မဝေကိုယ်တိုင်လည်း ဝင်လုပ်ပေးနေရသည်။ ကိုယ့်အပိုင်းမဟုတ်လည်း ကိုယ်တတ်ကျွမ်းတဲ့ဘက်နဲ့ ဝင်လုပ်ပေးရနေတာ။ တခြားသူတွေက ချောင်တဲ့အချိန်သွားစားနေကြ။ အိမ်အိမ်းက ဆေးဆိုးတာအစ ခေါင်းလျှော်တာအစကိုယ်တိုင်လုပ်ပေးနေတော့ မစားရသေးပဲဖြစ်နေတာ။
"မဝေ ဒါဘာတွေလဲ"
ထမင်းစားခန်းထဲဝင်တာနဲ့ကြက်သားကြော်ဘူးတွေတွေ့တာကြောင့်မေးလိုက်တာ။ KFC ကြက်ကြော်ဘူးတွေ။
"ကိုသင်္ကေတ စီစဉ်ပေးထားတာ အလုပ်များနေလို့ ဆုချတာ"
"အစ်ကိုတော့ ကုန်မှာနော်၊ ဘန်ကောက်လည်းလိုက်ပို့ ပြန်လာတော့လည်း ပင်ပန်းလို့ဆိုပြီး ကြက်ကြော်တွေဝယ်ကျွေး"
ကြက်ကြော်တစ်တုံးကို ပန်းကန်ထဲပြောင်းထည့်လိုက်ပြီးအချဉ်ရည်ညှစ်ထုတ်ကာ ပါလာတဲ့ထမင်းနဲ့အတူတူစားရင်း သဘောကျရသည်။ ယူထားတဲ့ကြက်ပေါင်စားရင်း ရုတ်တရက်သတိရသွားတာက ပတ္တရားတုန်းက ကိုင်မိသွားတဲ့အညွှန်းကိန်းပေါင်ကိုပင်။ ထိုအရာကိုသတိရသွားတဲ့သူက မျက်နှာတွေချက်ချင်းနီရဲသွားတာဖြစ်သည်။ Jet ski စီးတုန်းက ကိုယ်ကသူ့နောက်ကပါသွားတာကို။ ပထမခါးကအင်္ကျီစကိုကိုင်ထားတာဆိုပေမယ့် အကြမ်းမောင်းနေတဲ့ အညွှန်းကိန်းကြောင့် ခါးကိုပြောင်းဖက်လိုက်ရတဲ့အပြင် တစ်ခါတလေ လက်လွှတ်မိပြီးပြန်ကိုင်မိတဲ့အချိန်ဆို သူ့ပေါင်ပေါ်ကိုလက်ကထောက်မိသွားတာ။ ရေတွေဆိုနေပြီး ပေါင်းအရင်းအထိကပ်နေတာကြောင့် သူ့လက်ကဘာမှကြားခံမရှိတဲ့ အညွှန်းကိန်းပေါင်ကိုသွားထောက်မိသွားပြီး ရှက်ခဲ့တာအကြိမ်ကြိမ်။ Jet ski စီးတာကိုတောင်အာရုံမရောက်ပဲ အညွှန်းကိန်းကြောင့်ပူထူနေတာပဲသိတော့အထိ ဖြစ်ခဲ့သည်။ အခုလည်း ကြက်ပေါင်းစားရင်းသတိရမိတော့ သူ့မျက်နှာတွေပဲပူတတ်လာတာဖြစ်၏။
"အိမ်အိမ်း!"
နောက်ဖက်အထိ အသံစူးစူးနဲ့ခေါ်ပြီးဝင်လာတဲ့နီလာ့ကြောင့် အိမ်အိမ်းပြုံးမိသွားသည်။ ခရီးကပြန်ရောက်တာနဲ့ သူ့ကိုဆံပင်ပုံစံရောအရောင်ရောပြောင်းပေးမယ်ဆိုလို့ ရောက်လာတာ။
Part 8
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)