"ဟို ဘာကိစ္စရှိလို့လဲ"
"ဆွဲကြိုးက ဘာလို့ဝတ်မထားတာလဲ"
ဘာပြန်ပြီဒီဆွဲကြိုး။ ပျောက်ကျသွားမှာဆိုးလို့သိမ်းထားတာပေါ့။
"ပျောက်သွားမှာဆိုးလို့"
"ပျောက်ရင်ထပ်ဝယ်ပေးမယ် ဝတ်ထား"
ပျောက်ရင်ထပ်ဝယ်ပေးမယ်ဆိုတော့ ကိုယ့်ကိုပြူးကြည့်လာတဲ့သူကြောင့် သူရယ်ချင်မိသွားသည်။
"ဒီကိုပါလာလား"
"အင်း ပါတယ်"
"မနက်ဖြန် ဝတ်လာခဲ့"
"ဟို..."
"ပျောက်ရင်ဝယ်ပေးမယ်ပြောပြီးပြီလေ ဝတ်လာခဲ့နော် ဝတ်ထားတာမတွေ့ရင် ပြဿနာရှာမှာ"
ထပ်ပြောတဲ့လဲ သူဘာအမှားလုပ်မိလဲဆိုတဲ့ပုံနဲ့မျက်လုံးပြူးပြီးကြည့်လာပြန်သည်။ အညွှန်းကိန်းထပ်မပြောတော့ပဲ လွှတ်ပေးလိုက်တော့၏။ မဟုတ်ရင် ဒီတစ်ယောက်ကို ဖြဲခြောက်သလို ဖြစ်နေပြီလားမသိ။ သူများတွေနဲ့စကားပြောရင် ပုံမှန်ပါပဲ။ သူနဲ့ကြမှ ဘာဖြစ်လို့ဒီလိုဖြစ်နေလဲမသိ။ သူလွှတ်ပေးလိုက်တာနဲ့တချိုးထဲအထဲဝင်ပြေးသွားတာ။
ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်မှာ သူရေချိုးသန့်စင်ဖို့လုပ်လိုက်သည်။ ရေချိုးသန့်စင်ပြီးတဲ့သူကအိပ်ဖို့လုပ်ပေမယ့် အတွေးတွေကိုပုံရိပ်တွေနဲ့ဝင်နှောင့်ယှက်နေတဲ့ ဝင်္ကပါအိမ်ကြောင့် အိပ်လို့မရပေ။ နောက်ဆုံး မဖြစ်မနေဖြစ်တည်လာတဲ့စိတ်က ဘယ်လိုမှလုပ်မရ။ ပတ္တရားကိုရောက်တိုင်း သူ့ကိစ္စအဝဝကိုလုပ်ပေးသူဆီ သူစာလှမ်းပို့လိုက်သည်။ ဒီကိစ္စက ဒီလိုမှမဖြေရှင်းရင် မရတော့။
>>>>>>>>>>>>>
<<<<<<<<<<<<<
ရန်ကုန်ပြန်ရောက်လာတဲ့အခါမှာတော့ သူတို့အားလုံးအလုပ်နဲ့လက်နဲ့မပြတ်လုပ်ရတော့သည်။ သူတို့အားလုံး ပတ္တရားအနီးတဝိုက်ကို နှံ့အောင်လည်ခဲ့သည်။ ဒါတွေက ပြန်တွေးကြည့်ရင် သူ့အတွက်ရင်ဖိုစရာတွေအများကြီးဖြစ်သည်။ ဒါပေမယ့်ကြာကြာတွေးမနေနိုင်။ ရောက်တုန်းခဏသာ ရင်ဖိုဖွယ်ဖြစ်ခဲ့တာ။ တကယ်တမ်း ဘာမှန်းမှမသိတာ။ အခုတော့ သူတို့ဆိုင်မှာ ဘိုကင်ကြိုတင်ထားတဲ့ဧည့်သည်တွေနဲ့ပြည့်နေသည်။ အားလုံးနားရတယ်မရှိပဲ ဘိုကင်တွေနဲ့ပြည့်နေတာကြောင့် ထမင်းစားချိန်တောင်မနည်းအချိန်ယူရသည်။ ဟိုကိုသွားတာ ၃ ရက်လောက်ဖြစ်သွားတော့ ဘိုကင်ကနောက်ရက်တွေပါပြည့်နေသည်။ ညပိုင်းဆိုရင် ၁၀ နာရီလောက်အထိကိုသွားမှာ သူတို့သိနေသည်။
Part 8
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)