ဘာတွေပြောနေမှန်းမသိပဲ နှုတ်ခမ်းကချွန်ချွန်သွားပြီး နီလာမြင့်ဘက်ကိုလှည့်လှည့်ပြောနေတာ။ နီလာမြင့်ကိုကြည့်ရတာ ဝင်္ကပါအိမ်နဲ့တော်တော်လေးရင်းနှီးတဲ့ပုံ။ မသိရင်သူငယ်ချင်းအရင်းကြီးလို ထင်ရသည်။ သူ့မျက်လုံးက ဒီလူ့ကိုအလွတ်ရနေတယ်လို့မှတ်ရလောက်အောင် ပတ္တရားလိုနေရာမှာ ပုံမှန်နဲ့ကွဲထွက်ပြီးဆံပင်တွေချထားတဲ့ ဒီလူ့ကိုအတပ်သိနေတဲ့အထိ။ အင်းလေ သူ့မျက်လုံးက ဒီလူ့ကိုအလွတ်ကျက်ထားတဲ့အတိုင်းဖြစ်နေတာကို။ ညဈေးတန်းမှာလွတ်လွတ်လပ်လပ်ဖြစ်နေတဲ့ဒီလူက ဟိုမှာမြင်ရတဲ့ပုံနဲ့ကွဲထွက်ပြီးပျော်ရွှင်နေသည်။ ဒီလူ အစ်ကိုသော်ဝေကိန်း သေသွားတာတောင်ဒီလိုနေနိုင်တယ်ဆိုတော့ ဒီလူကဘာလဲ။ ထိုအတွေးဝင်သွားတာကြောင့် အညွှန်းကိန်းမျက်ခုံးတွေက ခက်ထန်တဲ့အသွင်ပြောင်းသွားပြန်သည်။
ညဈေးကိုပတ်ပြီး တည်းတဲ့နေရာကိုဟိုတယ်ကိုပြန်ရောက်တော့လည်း အညွှန်းကိန်းနဲ့ ဟိုတယ်တူနေသည်။
"မနက်ဖြန် ကိုယ်တို့အလည်စသွားကြမှာ အညွှန်းကိန်းရဲ့အစီအစဉ်ကရော"
"မရှိသေးဘူး"
"မရှိသေးရင် လိုက်ခဲ့ပါလား"
သူတို့အားလုံး အစ်ကိုသင်္ကေတနဲ့စကားပြောနေတဲ့ အညွှန်းကိန်းကိုမစောင့်ပဲဝင်သွားဖို့လုပ်လိုက်သည်။ တချို့ဆိုကိုယ့်အခန်းကိုယ်ပြန်နားနေပြီဖြစ်၏။ သူနဲ့နီလာလည်း အထဲဝင်ဖို့လုပ်လိုက်သည်။ ဒီနေ့အတွက်သူတော်တော်ပျော်ခဲ့တာ။ ဒါတောင်တခြားနေရာတွေသွားမလည်ရသေးပဲ တည်းတဲ့နေရာနဲ့နီးတဲ့ ညဈေးမှာညစာထွက်စားရုံတင်။ နောက်ရက်များအပြင်သွားလည်ရင် သူဘယ်လောက်များပျော်မလဲ တွေးကြည့်လို့တောင်မရ။
"ဝင်္ကပါအိမ် နေခဲ့အုန်း"
နီလာ့ကိုအစ်ကိုသင်္ကေတကစကားပြောရင်းဆွဲခေါ်သွားပြီး သူကတော့ဘုမသိဘာ့မသိ ကျန်ခဲ့ရသည်။ နေပါအုန်း အညွှန်းကိန်းကသူ့ထက်ကြီးလားငယ်လား မေးရအုန်းမယ်။ မသိရင် အညွှန်းကိန်းက သူ့အလုပ်ရှင်ကျလို့ သူကဘာဖြစ်လို့ နေခဲ့အုန်းဆိုနေခဲ့မိတာလဲမသိ။
Part 8
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)