ကားပါကင်ထိုးပြီးတာနဲ့ လူတစ်ယောက်ကအနားရောက်လာပြီး မာမီတို့ရှိတဲ့ဝိုင်းကိုခေါ်သွားသည်။ မာမီပဲပြောထားတာနေမှာ။
"ဟော သားလာပြီ လာလာ"
တစ်ဖက်က မိသားစုတွေကစုံနေပြီထင်သည်။ မာမီ့အသက်အရွယ်လောက် မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ ယစ်မူးဘွယ်ဆိုတော့ ကြည့်ရတာယစ်မူးဘွယ်ရဲ့အဖေနဲ့အမေဖြစ်ရမယ်။ သူကတော့ လွတ်တဲ့ခုံတစ်ခုံမှာဝင်ထိုင်လိုက်သည်။ မာမီကတစ်ယောက်ထဲတော့မဟုတ်။ ဘေးနားမှာ မာမီ့သူငယ်ချင်း အန်တီမီမီခိုင်ပါရှိနေ၏။ အန်တီမီမီခိုင်ကတော့ သူတို့အိမ်မှာမနေရုံတမယ်ဖြစ်ပြီး မာမီ့ရဲ့ငယ်ပေါင်းကြီးဖော် သူ့အကြောင်းကိုယ်သိ ကိုယ့်အကြောင်းသူသိဖြစ်သည်။ တစ်ခါတလေအိမ်မှာအိပ်ရင်တော့ ညစာစားတဲ့အချိန်သူနဲ့တွေ့တတ်သည်။
"သားအငယ်က အမှန်တော့ မမေမိုးကိုတူတာနော်"
တစ်ဖက်က မိသားစုကသူ့ကိုကြည့်ပြီးမာမီ့ကိုပြောလာသည်။
"ဟုတ်လား ကျမနဲ့တူတာဆိုတော့ ဒီအမေဝမ်းသာရတာပေါ့"
မာမီ့ကသူ့ကိုကြည့်ကာပြုံးရင်းဖြေသည်။ သူမာမီ့ကိုဖျတ်ကနဲ့တော့ ပြန်ပြုံးပြလိုက်သည်။
"အကြီးကောင်လေးနဲ့အငယ်ကောင်လေးက လူကောင်ကွာပေမယ့် ညီအစ်ကိုဆိုတော့ရုပ်ကတော့ ဆင်ပါတယ်"
"အခု အကြီးကောင်ကိစ္စလာတာလား မာမီ"
တစ်ဖက်ကိုမပြောချင်လို့သူမာမီ့ကိုမေးလိုက်တာ။ မာမီကသူ့သားကြီးအကြောင်းပါလာထဲက မျက်နှာမကောင်းဖြစ်သွား၏။ လူတွေကတကယ်နားမလည်ဘူး။ ငယ်ငယ်လေးနဲ့ ရုတ်တရက်ဆုံးသွားပါတယ်ဆိုတာကို အကြီးကောင်လေးဘာညာလာလုပ်နေသေးတယ်။ သူတို့သားသမီးဆုံးလို့ တစ်ဖက်လူဒီလိုပြောရင်သူတို့လက်ခံမှာလား။ အပြစ်ဖို့ပို့ပဲသိကြတာများ။
"အန်တီကညီအစ်ကိုတွေဆင်ကြောင်း ပြောမိသွားတာပါ"
"မင်းကလည်းမင်းပဲ စိတ်မကောင်းစရာကိုအစမဖော်နဲ့လေ"
တစ်ဖက်ကသူ့တို့အချင်းချင်းပြန်ဖာထေးနေသည်။ မပြောခင်ထဲကကြိုတင်သိသင့်တာမဟုတ်ဘူးလား။
Part 7
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)