ပြည့်ဖြိုးနောက်ထပ် သိချင်ပြီးမသိတော့တဲ့ကိစ္စတစ်ခုကတော့ အစ်ကိုသော်ဝေကိန်းကိစ္စ။ အစ်ကို့ဆီကိုတစ်ခါတလေ ဖုန်းဝင်လာရင်အစ်ကိုက သူတို့မကြားနိုင်တဲ့နေရာမှာ ဖုန်းသွားပြောလေ့ရှိတာ။ အဲ့လိုဖုန်းပြောတိုင်းအစ်ကို့မျက်နှာက အပြုံးတွေကဘာနဲ့မှမတူ။ အလုပ်ကိစ္စနဲ့ဆက်ဆံနေတဲ့ မိတ်ဆွေတွေကိုပြုံးပြတဲ့အပြုံးမျိုးနဲ့တောင်မတူပဲ ထူးခြားပြီးနုညံ့နေတာမျိုး။ ဖုန်းပြောတာမကြာပဲနဲ့ ဖုန်းပြောပြီးတာတောင် အသက်ဝင်နေသေးတဲ့အပြုံးတွေ။ ဖုန်းလာတာက ရှားပေမယ့် သူ့ရှေ့မှာဆို ၂ ခါလောက်တော့လာဖူးသည်။ အစ်ကိုနဲ့သတင်းထွက်သူလည်းမရှိ ချစ်ကြိုက်နေတဲ့သူလည်းမရှိတာကို သူအသိ။ ဒါပေမယ့် ဒီဖုန်းနဲ့ပတ်သက်ပြီးဘာဆိုဘာမှသူမသိရ။ မေးမယ်မေးမယ် မမေးမိပဲ အခုတော့မေးရမယ့် အစ်ကိုမရှိတော့ပေ။ စိတ်မကောင်းစရာက အစ်ကိုကရုတ်တရက်ကြီးဆုံးသွားတာပါပဲ။ မယစ်မူးနဲ့စေ့စပ်ပြီးနောက်မှ ဒီလိုမတော်တဆဖြစ်ပြီး ဆုံးသွားတာကိုသူတော့ မတော်တဆလို့ကိုမထင်တာ။ ဒါပေမယ့်မတော်တဆမဟုတ်ပဲ တစ်ခုခုကြောင့်ဆိုရင်တောင် ဒီအတိုင်းငြိမ်မခံပဲ ငွေကြေးပိုင်းရော လူကြီးအဆက်အသွယ်ပိုင်းရောပိုစုံတဲ့ အန်တီမေမိုးစံက အပြစ်ပေးမှာပေါ့။ အင်းလေ သေနေ့စေ့လို့သေတယ်လို့ပဲပြောရမှာပေါ့။

ပြည့်ဖြိုးပို့ပေးတဲ့ ဒင်နာစားမယ့်လိပ်စာကိုပဲ သူမောင်းထွက်ခဲ့လိုက်သည်။ အဖိုးအဖွားတွေလက်ထက်ထဲက ပတ်သက်ဖူးတော့လည်းမသွားလို့မဖြစ်။ လူမှုရေးကတကယ်စိတ်ရှုပ်ဖို့ကောင်းတယ်။ မလုပ်ချင်လည်းမရ။ သူတစ်ယောက်ထဲဆိုရင်တော့ ဘာဖြစ်ဖြစ်ကိုယ့်စိတ်ပါမှသွားမှာ။ အခုက မာမီတစ်ယောက်လုံးရှိနေသေးတော့ အမေတစ်ခုသားတစ်ခုဖြစ်သွားမှာ သူကမာမီ့ကိုစိတ်ချမ်းသာအောင် ထားမှဖြစ်အုန်းမှာ။ ငယ်ငယ်လေးထဲက ဒယ်ဒီနဲ့လိုက်သွားတဲ့သူ့ကို အခုဆိုမာမီကအရိပ်တကြည့်ကြည့်ဖြစ်နေတော့ သူ့မှာမာမီစိတ်ချမ်းသာအောင် နေရသေးသည်။ အစ်ကို့ကြောင့်စိတ်ထိခိုက်သွားတာကို အရင်းဖြစ်တဲ့သူကမသိပဲနေမလား။ မာမီဘယ်လောက်ပဲစိတ်ဓါတ်မာမာ လိမ္မာအားကိုးရတဲ့သားကြောင့် စိတ်ဘယ်လောက်ထိခိုက်လဲ သူပဲသိသည်။ ဒါကြောင့်လည်း မနက်မနက်အားလုံးနက်ဆွေးနေရင် မာမီကချက်ချင်း သူ့အခန်းထဲဝင်ပြီး necktie သွားယူပြီးကိုယ်တိုင်ပြောင်းဝတ်ပေးသည်။ တစ်ခါတစ်လေ အတူတူအပြင်သွားမယ်ဆို သားဒါလေးဝတ်ဆိုပြီး ဘယ်ထဲကဝယ်ထားလဲမသိတဲ့ အနက်မဟုတ်တဲ့တခြားအရောင်တွေ ယူလာပေးလေ့လည်းရှိ၏။

INDEX [Complete] U+ZWhere stories live. Discover now