"မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ရှင့်မွေးနေ့မှန်းကြိုမသိပဲရှင့်ကိုပေးဖို့လက်ဆောင်က ချက်ချင်းဘယ်ကရလာမလဲ"

"အဲ့ဒါတော့ ငါလည်းမသိဘူးလေ"

"နေအုန်းနေအုန်း အိမ်အိမ်း ရှင် အညွှန်းကိန်းကဘယ်သူလဲဆိုတာရောသိလား"

"မသိဘူးလေ သိရမှာလား"

"အိုး ဂေါ့ အိမ်အိမ်းလေးရယ်"

ဘာဖြစ်လို့လဲ။ အညွှန်းကိန်းကဘယ်သူမို့လို့လဲ။

"ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ကိုမွေးနေ့လက်ဆောင်ပေးတယ်ဆိုတာကတော့ အရမ်းထူးခြားတဲ့ကိစ္စဖြစ်သွားပြီ"

ဒါကတော့တကယ်ထူးခြားတာပါပဲ။ သူများအတွက်တော့မသိဘူး သူ့အတွက်လက်ဆောင်ပေးခြင်းခံရတာက အခုမှ ထူးထူးခြားခြားဖြစ်တည်လာတဲ့ကိစ္စတွေဖြစ်သည်။ သူတို့အလုပ်လုပ်ဖော်တွေက အံ့ဩသွားအောင်လုပ်ပေးသလိုလက်ဆောင်တွေလည်းပေးကြသည်။ အညွှန်းကိန်းလိုလူမျိုးနဲ့ရင်းနှီးဖို့တောင်ကြောက်ပါတယ်ဆိုမှ လက်ဆောင်ရလာတယ်ဆိုတော့ ထူခြားတဲ့ကိစ္စပါပဲ။

"အိမ်အိမ်း"

"အင်း"

သူ့ကိုမှီနွဲ့ပြီးထပ်ခေါ်လာပြန်တဲ့နီနီ။ သူနဲ့နီနီဆိုတာမောင်နှမလိုတောင်ဖြစ်နေပြီ။ အခုလည်း ဘာထပ်ပြောချင်ပြန်ပြီလဲမသိ။ သူ့ကိုအသံဆွဲခေါ်ပြီး လာမှီနွဲ့နေတာ။

"တကယ်လို့ တကယ်လို့များလေ..."

မပြောသေးပဲ သူ့ကိုကြည့်ပြီးပြုံးစေ့စေ့နဲ့လုပ်နေပြန်သည်။

"ကဲ မနီလာ ဘာပြောမှာလဲ"

"အဟင်း! မနီလာလို့ မခေါ်နဲ့ တကယ်လို့များ အညွှန်းကိန်းက ငါတို့အိမ်အိမ်းလေးကို စိတ်ဝင်စားနေတယ်ဆိုရင်ရော"

"မဟုတ်တာ!"

ဘာမှမစဉ်းစားပဲချက်ချင်းငြင်းလိုက်မိသည်။ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာ။ သူက ဒါတွေကိုစိတ်ဝင်စားဖို့ အချိန်မရှိသလို အညွှန်းကိန်းလိုလူကသူ့ကိုသဘောကျတယ်ဆိုတာကလည်း မဖြစ်နိုင်။ သူ့မှာလုပ်စရာတွေမှများလို့။ အစ်ကို့ဆီကရထားတဲ့ပိုက်ဆံကိုလည်းပြန်ဆပ်ရမယ်။ သူဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ ပိုက်ဆံလည်းအများကြီးရှာရအုန်းမယ်။

INDEX [Complete] U+ZWhere stories live. Discover now