"ဟယ် လက်ကဘာဖြစ်တာလဲ အညွှန်းကိန်းလုပ်လိုက်တာလား"

သူ့မှာရေချိုးပြီးထွက်လာရုံရှိသေးတယ် မေးလိုက်တဲ့မေးခွန်းတွေကတောက်လျှောက်ဖြစ်နေသည်။ တစ်ခုပြီးတစ်ခုနဲ့ နီနီတို့ကမပြီးနိုင်တော့။ အခုလည်းလက်ကအပူထိသွားတဲ့နီရဲနေတဲ့နေတဲ့ နေရာကိုမြင်ပြီး ပြာပြာသလဲနဲ့ သူ့လက်ကိုဆွဲယူပြီး တစ်ဖက်လူကိုလည်း တမျိုးထင်သွားသည်။

"ဘယ်ကသာ ရေပူစင်သွားတာ"

"ဟယ် နာနေမှာ နေအုန်းဆေးလိမ်းပေးမယ်"

နီလာကသူ့အတွက်အစ်မတစ်ယောက်လိုဖြစ်နေတော့သည်။ တစ်ခုခုဆိုစိတ်ပူရတာနဲ့ လမ်းညွှန်ရတာနဲ့ သင်ရတာနဲ့။ အခုလည်း ဆေးဘူးချက်ချင်းသွားရှာပြီးသူ့လက်ကိုလူးပေးနေ၏။ လူးပေးနေရင်း တဖူးဖူးနဲ့ လေမှုတ်ပေးသေးတာ။

"ရပြီ ရပြီ"

"အင်း"

နီလာ ဆေးဘူးပိတ်ကာစားပွဲပေါ်လှည့်တင်လိုက်သည်။ သူမ သိချင်တာတွေမေးဖို့လိုသေးတယ်မလား။ ဝင်္ကပါ ပြန်လှည့်လာတဲ့နီနီ့ကြောင့် မေးခွန်းတွေကိုမဖြေပဲမရတော့တာကို သိလိုက်တော့သည်။

"မွေးနေ့လက်ဆောင်ရတာ"

"ဘယ်သူ့ဆီကလည်း"

ဒီဆွဲကြိုးထည့်လို့ရတဲ့ဗူးပုံစံကို မနေ့ကဘားမှာရှိသ၍သူမ မမြင်ဖူးတာကြောင့်ထပ်မေးလိုက်သည်။

"အညွှန်းကိန်းဆီက"

"ဘယ်လို"

"အင်း"

"သူ ဘယ်တုန်းကပေးလိုက်တာလဲ ငါတို့မသိလိုက်ရပါလား ဘယ်အချိန်ပေးလိုက်တာလဲ"

"သူ့အိမ်ရောက်မှ ပေးတာ"

နီလာ အိမ်အိမ်းကိုကြည့်ရင်းအတွေးတွေကိုဖြန့်ကျက်လိုက်သည်။ ဘားကိုရောက်လာတာက သူတို့နဲ့တွေ့လို့တစ်ဝိုင်းထဲထိုင်ဖြစ်သွားတာဖြစ်ပြီးမှ အိမ်အိမ်းလေးမွေးနေ့ကိုသိသွားတာမဟုတ်ဘူးလား။

"ရှင့်မွေးနေ့မှန်းသူအရင်ထဲကသိနေတယ်"

"မဖြစ်နိုင်ဘူး"

ဒါကဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ နီနီ့တောင်သူ့မွေးနေ့ဆိုတာ ကိုသင်္ကေတတို့ပြောမှသိတာလေ။ နီနီ့ကိုတောင်သူမပြောပြဖြစ်တာကို အညွှန်းကိန်းကဘယ်လိုသိနိုင်မှာလဲ။ သူ့မွေးနေ့ကိုသိနိုင်တာဆိုလို့ ကိုသင်္ကေတပဲရှိတာကို။ ဒါကလည်းအလုပ်ရှင်ဆိုတော့ ကိုယ့် personal data ကိုမသိပဲမနေဘူးလေ။ ဒါက ဖြစ်သင့်တဲ့အထဲပါပြီး အညွှန်းကိန်းသိတာကတော့ဖြစ်သင့်တဲ့အထဲမှာမပါဘူးလေ။

INDEX [Complete] U+ZWhere stories live. Discover now