"ဘာအဖြေလဲ"

"ကျွန်တော် အစ်ကို့ကိုချစ်တယ်လို့ အဖြေ‌‌ပြန်ပေးနော်"

ကြယ်ကလေးများလိုတစ်လက်လက်တောက်ကာ လုံး၀န်းသောpuppyမျက်လုံးလေးဖြင့် ပြောလာသောစစ်ခွန်းဆက်ကြောင့် သွန်းမင်းနောင်မှာအခုချက်ချင်းပင်အဖြေပြန်ပေးမိတော့မလို။

"မင်း..မင်းငါ့ကိုဒီတိုင်းခနတာကြိုက်မိတာပါကွာ ငါကစာလဲတော်တယ် ရုပ်လဲချောတယ် ပိုက်ဆံလဲရှိတော့ မင်းငါ့ကိုလေးစားအားကျပြီး ဒီတိုင်းကြိုက်မိတာနေမှာပါ ဟိုလိုကြီးကြိုက်တာမဟုတ်လောက်ပါဖူး မင်းကိုယ်မင်းပြန်..စဉ်းစားကြည့်ပါအုံး"

"ချစ်တာ"

"ဘာကြီး?"

"ကျွန်တော်ပြောခဲ့တာ အစ်ကို့ကိုချစ်တယ်လို့ပြောခဲ့တာ ကြိုက်တယ်လို့ပြောခဲ့တာမဟုတ်ဖူး အစ်ကို့ကိုအမြဲစောင့်ကြည့်နေခဲ့တာ အစ်ကို့ကိုအရမ်းချစ်မိခဲ့တာ အစ်ကို့အတွက်ကြိုက်တာနဲ့ချစ်တာကတူမတူကျွန်တော်မသိပေမယ့် ကျွန်တော့်အတွက်တော့အဓိပ္ပာယ်အများကြီးကွာပါတယ်"

သွန်းမင်းနောင်ကြောင်အကာ တောင့်တောင့်ကြီးပင်ရပ်နေမိခဲ့သည်။သူ့လိုkingတစ်ယောက်အတွက် ဖွင့်ပြောခံရတာပထမဆုံးမဟုတ်ပေမယ့် ကောင်လေးတစ်ယောက်ဆီကနေဖွင့်ပြောခံရတာကတော့ ဒီတစ်ခါပထမဆုံးဖြစ်သည့်အတွက် အလွန်ကြောင်အနေမိခြင်းဖြစ်သည်။

"အစ်ကိုလို့~"

အလွန်ချစ်စဖွယ်ကောင်းသောအသံလေးသည် သွန်းမင်းနောင်ကိုဆွဲဆောင်နေခဲ့သည်။သို့ပေမယ့် သွန်းမင်းနောင်သည်ဂေးမဟုတ်ပေ။ကောင်လေးတစ်ယောက်နဲ့တွဲဖို့ဆိုတာ သူအတွက်အထူးအဆန်းပင်ဖြစ်သည်။ထိုအချိန်မှာပင် သွန်းမင်းနောင်၏စိတ်ထဲ အလွန်ယုတ်မာသောအကြံတစ်ခုရောက်လာမိသည်။

'ငါတစ်ခါမှကောင်လေးတွေနဲ့တွဲဖူးတာမရှိဖူး အသစ်အဆန်းဖြစ်အောင် စစ်ခွန်းဆက်ကိုအပျော်တွဲကြည့်ရမလား?'

ထိုအကြံ‌နှင့်အတူစစ်ခွန်းဆက်နှင့်တွဲဖို့သွန်းမင်းနောင်ဆုံးဖြတ်လိုက်သည်။သို့သော် ခဏကတင်ရတီမောင်ကိုဖွင့်ပြောလာခဲ့ပြီးမှ ချက်ချင်းကြီးလက်ခံလိုက်ရင် သံသယ၀င်မှာဆိုးသည့်အတွက်စဉ်းစားချင်ယောင်တော့ဆောင်ရပေမည်။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now