"အင်း တခြားသူတွေကိုလည်း အားရင်အားသလို သူတို့စိတ်ပါဝင်စားတဲ့အပိုင်းတွေသင်ပေးလိုက်ပါ"
"ဟုတ်ကဲ့ ကျွန်တော်စီစဉ်လိုက်ပါမယ်"
ကိုစိုင်းကစိတ်ချရတဲ့သူဖြစ်တာကြောင့် ဝန်ထမ်းတွေအချင်းချင်းနိုင့်ထက်စီးနင်းလုပ်တာမျိုး သူတို့ဆီမှာမရှိပေ။ ဆိုင်ခွဲတွေဖွင့်လို့ မန်နေဂျာထားမယ်ဆိုရင်လည်း သင်္ကေတကကိုစိုင်းကိုပဲ အင်တာဗျူးခိုင်းတာဖြစ်သည်။ CCTV ကနေဝင်လာတဲ့ customer ကိုကြည့်ပြီး သင်္ကေတပြုံးလိုက်မိသည်။ သူ့လို့လူကိုတောင် သူတို့ဆိုင်ကဆွဲဆောင်နေမိပြီဆိုတော့ သူတို့ဆိုင်ရဲ့နာမည်က တော်တော်နေရာယူထားပြီးပြီမဟုတ်လား။
"ကဲ ကိုစိုင်း ကျွန်တော်သွားမယ်"
"ဟုတ်ကဲ့"
အောက်မှာရောက်လာတဲ့ customer ရှိတာကြောင့်ကိုစိုင်းဆိုင်ထဲလှည့်ကြည့်ဖို့လုပ်လိုက်သည်။ ရောက်လာတဲ့ customer တိုင်းကိုတန်းတူဆက်ဆံပါဆိုပေမယ့် ဒီလိုမျိုးလူကိုကျတော့သူတို့ပိုဂရုစိုက်ဖို့လိုက်သည်။
"ပုံမှန် ညှပ်နေကျလူနဲ့ပဲလား အစ်ကို"
"မညှပ်ခင် လျှော်မယ်"
ခေါင်းငြိမ့်ပြလိုက်ပြီး အရင်လျှော်မယ့်အကြောင်းကိုပြောလိုက်သည်။ ဝန်ထမ်းတစ်ယောက်က လမ်းပြပေးပြီး လျှော်မယ့်နေရာကိုသေချာခေါ်သွားကာ ခေါင်းကိုနှိပ်နယ်ပေးရင်း ခေါင်းလျှော်ပေးသည်။
"ပုံစံကွဲမညှပ်ချင်ဘူးလား အစ်ကို"
"ဒီအတိုင်းပဲ"
စကားကပြတ်သည်။ လိုတာထက်ပိုမပြော။ သူတို့ဆီက ပင်တိုင်ကိုင်တဲ့ hair designer ကချက်ချင်းရောက်လာကာ တရွှက်ရွှက်နဲ့ဆံပင်စညှပ်တော့သည်။ မှန်ထဲကနေဆံပင်ညှပ်တာကို ကြည့်နေရင်းမျက်လုံးထဲဝင်လာတဲ့လူတစ်ယောက်။ ဒီလူကဘယ်လိုဖြစ်လို့! သူမျက်စိမှားတာတော့မဟုတ်ဘူးမလား။ ဘာဖြစ်လို့ ဒီတစ်ယောက်ကိုဒီမှာတွေ့ရတာလဲ။ သူ့ကိုမြင်မှ မာမီ့ကိုတောင် ဒီကိစ္စဘာမှမမေးရသေးဘူး။ သူ့မျက်လုံးတွေက သူ့ဆံပင်တွေမှာမရှိတော့ပဲ နောက်ကနေဖြတ်ဖြတ်သွားနေတဲ့ ဒီတစ်ယောက်ရဲ့ရွေ့လျားမှုတွေဆီကိုပဲ ရောက်နေတော့သည်။ သူမြင်ထားတဲ့ဓါတ်ပုံထဲကနဲ့အပြင်အဆင်ကွဲထွက်သည်။ ဒီလူက တစ်ယောက်ထဲလား ဒါမှမဟုတ် ဓါတ်ပုံထဲကလူနဲ့တူတာလား။
Part 3
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)