"အစ်ကို နေ့လည်စာ ဘာစီစဉ်ပေးရမလဲ"

"ရတယ် ကို ဝင်္ကပါအိမ်နဲ့စကားပြောချင်တယ် သူ့ကိုခေါ်ပေးလို့ရမလား"

မန်နေဂျာလုပ်သူက ဝင်္ကပါအိမ်ကိုခေါ်ပေးလိုက်ရသည်။

ဝင်္ကပါအိမ်မှာဘာမှန်းမသိပဲ မန်နေဂျာကခေါ်ခိုင်းလို့ဆိုပြီးနောက်ကလိုက်လာရတာ။ သူအလုပ်လုပ်တာများမှားသွားတာလား ဘာလားမသိ။ ရင်တော့တုန်နေသည်။ အထဲရောက်တော့ မန်နေဂျာရှိနေပြီး နောက်ထပ်သူ့ထက်နည်းနည်းလောက်ပဲကြီးပဲ အစ်ကိုတစ်ယောက်ရှိနေသည်။ ဘယ်သူနဲ့တူတာလဲ ကြည့်မိပြီးမှ ဆိုင်ပိုင်ရှင်မျက်နှာကိုပြေးမြင်မိသွားကာ သူဆက်ကနဲတုန်သွားသည်။

"ထိုင် ဝင်္ကပါအိမ်၊ ဒါဘယ်သူလဲတော့သိပါတယ်နော်"

"ဟုတ်ကဲ့"

သင်္ကေတ သူ့မြင်ပြီးခေါင်းငုံ့သွားတဲ့ကောင်လေးကိုကြည့်လိုက်ပြီး စိတ်ထဲမှာပြုံးလိုက်မိသည်။ ပိုင်ရှင်ဆိုတာနဲ့ကြောက်သွားတဲ့ပုံမှန်း သူသိလိုက်၏။

"ဝင်္ကပါအိမ်က ဘာစိတ်ဝင်စားတာလဲ ပြောပြပါလား"

....

"ကြောက်မနေပဲပြောလို့ရတယ်"

"ဒီ Signature Hair Salon မှာလုပ်တဲ့ပုံစံအားလုံးကို သဘောကျပါတယ်"

"အော် ပညာအရည်အချင်းက"

"အထက်တန်းအောင်ထားပါတယ် ဘာမှတော့ဆက်မတက်ဖြစ်ဘူး၊ ဒီရောက်တာလဲ နောက်ကျတော့"

"ခေါင်းလျှော်တတ်နေပြီပြောတယ်"

"ဟုတ်ပါတယ်"

"နောက်ထပ် ဆံပင်ညှပ်ချင်လား၊ waxing လုပ်တဲ့အပိုင်းကိုသွားချင်လား ဒါမှမဟုတ် မျက်နှာပိုင်းပြင်ဆင်ပေးတဲ့အပိုင်းကိုသွားချင်လား"

"ဟို တစ်ဆင့်ချင်းပဲသွားချင်ပါတယ် ဘယ်ဟာကိုအရင်လုပ်ရမလဲ ကျွန်တော်နားမလည်တော့လေ"

"အိုကေ ကိုစိုင်း စီစဉ်ပေးလိုက်ပါ"

"ဟုတ်ကဲ့"

ကိုစိုင်း ဝင်္ကပါအိမ်ကို ပြန်ထွက်သွားဖို့အချက်ပြလိုက်သည်။

"အစ်ကို တခြားသူတွေလည်းရှိတယ်"

ဒီတစ်ယောက်ထဲကိုခေါ်တွေ့ပြီး ကောလဟာလထွက်သွားမှာမျိုး ကိုစိုင်းမလိုချင်တာကြောင့် သင်္ကေတကို သတိပေးရသည်။

INDEX [Complete] U+ZWhere stories live. Discover now