"သူ့ကို ဘယ်တုန်းကခန့်ထားတာလဲ"
"လွန်ခဲ့တဲ့ ၄ လလောက်ထဲက"
"ဘယ်အပိုင်းစိတ်ချရပြီလဲ"
"ခေါင်းလျှော်တာပဲရသေးတယ်"
ဆိုင်ပိုင်ရှင်က cctv ကကြည့်ပြီးမန်နေဂျာကိုမေးနေတာဖြစ်သည်။
"သူ့နာမည်ကဘာ"
"ဝင်္ကပါအိမ်"
ဆိုင်ကိုသူသိပ်မရောက်ဖြစ်ပေမယ့် ဒီဆိုင်ခွဲကိုလာတိုင်းဒီကောင်လေးကို သတိထားမိနေတာ။ ဆံပင်အရှည်က မိန်းကလေးလို့ပျော့ပျောင်းပုံရပြီး သူတို့ဆိုင်မှာဝတ်နေကျပုံစံ ဘောင်းဘီနဲ့အပေါ်ကအဆင်ပြောတာဆိုတော့ ဘောင်းဘီကိုတော့အနက်ပဲဝတ်ပြီး အပေါ်ပိုင်းကိုတော့ တီရှပ်နဲ့ရှပ်အင်္ကျီတွေအမြဲဝတ်တာများတာကြောင့် သတိထားမိသွားတာဖြစ်သည်။ လူပုံစံက ပိန်ပေမယ့် သူ့နေရာနဲ့သူပြည့်ပြည့်လေးဖြစ်တာကြောင့် ကြည့်ရတာမဆိုးပေ။ နှာတံရှည်ရှည်သွယ်သွယ်လေးနဲ့က ဒီတစ်ယောက်ကိုပိုပြီးထင်ပေါ်စေတာဖြစ်မှာ။ ယောက်ျားလေးအင်္ဂါရပ်နဲ့တူတာဆိုလို့ ယောက်ျားဖြစ်ကြောင်းသက်သေပြမယ့်နေရာပဲ ရှိလိမ့်မလား။
"သူ့ကို တစ်ဆင့်ထပ်ပြီးသင်ပေးလိုက်ပါ ဆံပင်ညှပ်တာပဲဖြစ်ဖြစ် တခြားသူစိတ်ပါဝင်စားတာဖြစ်ဖြစ်"
"ဟုတ်ကဲ့ ဒါနဲ့အစ်ကို ဆိုင်ခွဲထပ်ဖွင့်မယ်လို့ကြားတယ်"
"အင်း အဲ့ဒါနဲ့ နည်းနည်းအလုပ်ရှုပ်နေလို့ ဒီဘက်ကိုမလာဖြစ်တာ"
အသက်ငယ်ငယ်လေးနဲ့အောင်မြင်လာတဲ့အစ်ကိုက အစ်ကို့အနာမည် သင်္ကေတ'ဆိုတဲ့အတိုင်းဖွင့်ခဲ့တဲ့ Signature Hair Halon ဆိုင်ခွဲတွေတဖြည်းဖြည်းဖွင့်ပြီးနေရာယူလာတာဖြစ်သည်။ အခုလည်းဆိုင်ခွဲနောက်ထပ်တစ်ဆိုင်ထပ်ဖွင့်ဖို့ လုပ်နေတာ။ သူတို့အားလုံးလည်း အောက်ခြေသိမ်းကနေ ဒီလိုလုပ်တတ်ကိုင်တတ်လာတာပါပဲ။ ဘယ်သူမှအလုပ်ဝင်ကာစမှာအားလုံးတက်ကျွမ်းနေတာမဟုတ်သလို သူတို့ဆိုင်ကဒီလိုမျိုးဆို မြေတောင်မြှောက်ပေးလေ့ရှိသည်။ ဒါကြောင့်လဲ Signature Hair Salon ကနာမည်တဖြည်းဖြည်းတက်လာတာလို့ပြောလို့ရ၏။
Part 3
Mulai dari awal
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)